ဟားမတ်စ်တပ်မှူး ၂ ဦး အပါအဝင် ပါလက်စတိုင်း ၆ ဦးကို အစ္စရေးလုံခြုံရေးတပ် သတ်ဖြတ်

2.2K
အစ္စရေး လုံခြုံရေးတပ်က ဂါဇာကမ်းမြောင်က ဟားမတ်စ် အစ္စလာမ္မစ်အုပ်စုရဲ့ တပ်မှူး ၂ ဦး အပါအဝင် ပါလက်စတိုင်း ၆ ဦးကို နိုဝင်ဘာ ၁၁ ရက်က သတ်ခဲ့တယ်လို့ ပါလက်စတိုင်း အရာရှိတွေက ပြောပါတယ်။
အစ္စရေးလုံခြုံရေးတပ်ပိုင်တဲ့ ကားတစီးကနေ ဟားမတ်စ်အုပ်စုဝင်တွေကို ပစ်ခတ်ခဲ့ချိန်မှာ အကြမ်းဖက်မှု ဖြစ်ခဲ့တယ်၊ ဒီနောက် ဟားမတ်စ်တွေကို လိုက်ဖမ်းခဲ့တယ်လို့ ဟားမတ်စ်အရာရှိက ပြောပါတယ်။
အဲဒီလို လိုက်ဖမ်းနေချိန်မှာ အစ္စရေးလေယာဉ်တစီးက ပစ်ခတ်မှုဖြစ်တဲ့ နေရာကို ဒုံးကျည် ၄၀ ကျော်နဲ့ ပစ်ခတ်ခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။
ပစ်ခတ်မှုကြောင့် ဟားမတ်စ်တပ်မှူး ၂ ဦး အပါအဝင် လူ ၆ ဦးထက်မနည်း သေဆုံးတယ်လို့ ဆေးဘက်အရာရှိတွေက ပြောပါတယ်။
ဂါဇာကမ်းမြောင်မှာ အစ္စရေး ကာကွယ်ရေးတပ်တွေရဲ့ စစ်ဆင်ရေးအတွင်း အပြန်အလှန် ပစ်ခတ်မှု ဖြစ်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က အကျဉ်းချုံး ကြေညာချက် ထုတ်ပြန်ပါတယ်။
အကြမ်းဖက်မှုဖြစ်အပြီး အစ္စရေးတောင်ပိုင်းက ဂါဇာကမ်းမြောင်ကနေ ဒုံးကျည် အချက်ပေးဥသြသံ ပေါ်ခဲ့ပေမယ့် အပျက်အစီး ဒဏ်ရာရမှု အစီရင်ခံစာတော့ မထွက်လာသေးပါဘူး။