A d v e r t i s e m e n t With Us

အိန္ဒိယတွင် ပထမကမ္ဘာစစ်ပြီးဆုံးခြင်း နှစ် ၁၀၀ ပြည့် အခမ်းအနား ကျင်းပ

ဓာတ်ပုံ - AFP
ပထမကမ္ဘာစစ် ပြီးဆုံးခြင်း နှစ် ၁၀၀ ပြည့် အခမ်းအနားကို အိန္ဒိယနိုင်ငံ မြို့တော် နယူးဒေလီက India Gate မှာ နိုဝင်ဘာ ၁၁ ရက်က ကျင်းပပါတယ်။ စစ်ပွဲအတွင်း သေဆုံးသူတွေနဲ့ တတိယမြောက် အင်္ဂလို-အာဖဂန် စစ်ပွဲအတွင်း သေဆုံးခဲ့တဲ့ ဗြိတိန်လက်အောက်ခံ အိန္ဒိယတပ်ထဲက စစ်သားတွေကို အောက်မေ့တဲ့ အခမ်းအနားလည်း ဖြစ်ပါတယ်။ ပထမကမ္ဘာစစ်အတွင်း ဗြိတိန်ကိုလိုနီလက်အောက်မှာ အိန္ဒိယစစ်သည် တသန်းခွဲဟာ အာဖရိကအရှေ့ပိုင်း၊ ဥရောပနဲ့ အရှေ့အလယ်ပိုင်း ဒေသတလွှား စစ်မြေပြင်တွေမှာ ပါဝင်တိုက်ခိုက်ခဲ့ပြီး စစ်သည် ၇ သောင်း ၄ ထောင်ကျော် သေဆုံးခဲ့ပါတယ်။ ပထမကမ္ဘာစစ်ဖြစ်ခဲ့တဲ့ ၁၉၁၄ ကနေ ၁၉၁၈ အတွင်း စစ်သည် ၁၀ သန်း သေဆုံးခဲ့တာပါ။ စစ်ပြီးဆုံးတဲ့ အပစ်အခတ်ရပ်စဲရေး စာချုပ်ကို ပြင်သစ်အရှေ့မြောက်ပိုင်းမှာ လက်မှတ်ထိုးခဲ့ပြီး ၁၉၁၈ နိုဝင်ဘာ ၁၁ ရက် မနက် ၁၁ နာရီမှာ စတင်အသက်ဝင်ခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up