A d v e r t i s e m e n t With Us

လီဗာပူး ၂ – ၀ ဖူလ်ဟမ်၊ အာဆင်နယ် ၁ – ၁ ဝုဗ်၊ ချဲလ်ဆီး ၀ – ၀ အဲဗာတန် (ရုပ်သံဟိုက်လိုက်)

မနေ့ကယှဉ်ပြိုင်တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာ လီဗာပူးက ဖူလ်ဟမ်ကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရပြီး အာဆင်နယ်နဲ့ ဝုဗ် ၁ ဂိုးစီသရေ၊ ချဲလ်ဆီးနဲ့ အဲဗာတန် ဂိုးမရှိသရေကျသွားပါတယ်။ လီဗာပူးအသင်းဟာ တိုက်စစ်အတွဲဖြစ်တဲ့ ဆာလက်၊ မာနေး၊ ဖာမီနိုတို့နဲ့ ပွဲထွက်ခဲ့ပြီး ဖူလ်ဟမ်အသင်းကို သက်သောင့်သက်သာနဲ့ပဲ အနိုင်ရသွားတာပါ။ လီဗာပူးအတွက် အနိုင်ဂိုးတွေကို ပွဲချိန် ၄၁ မိနစ်မှာ ဆာလက်နဲ့ ၅၃ မိနစ်မှာ ရှာကွီရီတို့က သွင်းယူပေးခဲ့ပါတယ်။ အာဆင်နယ်နဲ့ ဝုဗ်ပွဲစဉ်မှာတော့ ဝုဗ်အသင်းက ပွဲချိန် ၁၃ မိနစ်မှာပဲ ကာဗာလီရိုရဲ့ သွင်းဂိုးနဲ့ ဦးဆောင်ထားနိုင်ခဲ့တာပါ။ အာဆင်နယ်ဟာ ဘောလုံးပိုင်ဆိုင်မှု ၇၂ ရာခိုင်နှုန်းအထိ ရယူနိုင်ခဲ့ပေမယ့် တိုက်စစ်မှူးတွေ အခွင့်အရေး အသုံးမချနိုင်ခဲ့လို့ ချေပဂိုး လွယ်လွယ်နဲ့မရဘဲ ပွဲချိန် ၈၆ မိနစ်ရောက်မှ မစ်ခီတာယန်းက ချေပဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ချဲလ်ဆီးနဲ့ အဲဗာတန် ပွဲစဉ်မှာတော့ ချဲလ်ဆီးအသင်းက ဟာဇက်၊ မိုရာတာ၊ ဝီလျံ တိုက်စစ်အတွဲနဲ့အတူ အဓိက ကစားသမား အစုံအလင် ပါဝင်ခဲ့ပေမယ့် အဲဗာတန်အသင်းရဲ့ မာမာထန်ထန် တုံ့ပြန်ကစားပုံကြောင့် ဂိုးမသွင်းနိုင်ဘဲ သရေကျသွားခဲ့ပါတယ်။ ဒီပွဲစဉ်တွေအပြီးမှာတော့ လီဗာပူးက ရမှတ် ၃၀ နဲ့ အမှတ်ပေးဇယား ဒုတိယနေရာကို တက်လှမ်းနိုင်ခဲ့ပြီး ချဲလ်ဆီးက ၂၈ မှတ်နဲ့ တတိယ၊ အာဆင်နယ်က ၂၄ မှတ်နဲ့ ပဉ္စမနေရာမှာ အသီးသီး ရပ်တည်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up