A d v e r t i s e m e n t With Us

မန်စီးတီးက မန်ယူကို ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ယူ (ရုပ်သံဟိုက်လိုက်)

ပရီးမီးယားလိဂ် ပွဲစဉ် ၁၂ မန်ချက်စတာဒါဘီပွဲစဉ်အဖြစ် မန်စီးတီးနဲ့ မန်ချက်စတာယူနိုက်တက်တို့ မနေ့ညက ယှဉ်ပြိုင်ရာ မန်စီးတီးက ၃ ဂိုး ၁ ဂိုးနဲ့အနိုင်ရသွားပါတယ်။ အိမ်ရှင် မန်စီးတီးအသင်းဟာ တိုက်စစ်မှူး အဂွေရိုကို အထောင်ထားပြီး ဆေးလ်ဗား၊ စတာလင်၊ မာရက်ဇ်၊ ဖာနန်ဒင်ဟို၊ ဘာနာဒိုဆေးလ်ဗား၊ မန်ဒီ၊ လာပေါ်တေး၊ စတုန်းစ်၊ ဝေါ်လ်ကာနဲ့ ဂိုးသမားအဖြစ် အီဒါဆန်တို့ကို အသုံးပြုသွားပါတယ်။ မန်ယူအသင်းမှာတော့ ကွင်းလယ်လူ ပေါ့ဂ်ဘာ မပါဝင်နိုင်သလို တိုက်စစ်မှူး လူကာကူကိုလည်း အရန်ခုန်မှာထားပြီး ရက်ရှ်ဖို့ဒ်၊ မာရှယ်၊ လင်ဂတ် တိုက်စစ်အတွဲနဲ့အတူ မာတစ်၊ ဖယ်လိုင်နီ၊ ဟာရဲရား၊ လုခ်ရှော၊ လင်ဒီလော့ဖ်၊ စမောလင်း၊ အက်ရှ်လေယန်း၊ ဒီဂီယာတို့နဲ့ ပွဲထွက်ခဲ့တာပါ။ အိမ်ရှင် မန်စီးတီးက မန်ယူကို စိတ်ကြိုက် ဖိအားပေး ကစားနိုင်ခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှုနဲ့ ဂိုးကန်သွင်းခွင့်မှာပါ အသာစီးရခဲ့ပါတယ်။ ပွဲအစ ၁၂ မိနစ်မှာပဲ မန်စီးတီးအတွက် ကွင်းလယ်လူ ဆေးလ်ဗားက အဖွင့်ဂိုးသွင်းပြီး ပထမပိုင်းမှာ မန်စီးတီး ၁ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ မန်ယူက ဒုတိယပိုင်းမှာ တိုက်စစ်မှူး လူကာကူ၊ ဆန်းချက်ဇ်၊ မာတာတို့ကို လူစားဝင် ကစားခဲ့ပေမယ့် ထိထိရောက်ရောက် တိုက်စစ်ဆင် မကစားနိုင်ဘဲ အရှုံးပေးလိုက်ရတာပါ။ ပွဲချိန် ၄၈ မိနစ်မှာ မန်စီးတီးတိုက်စစ်မှူး အဂွေရိုက ဒုတိယဂိုး၊ ၈၆ မိနစ်မှာ လူစားဝင် ကစားသမား ဂန်ဒိုဂန်တို့က အနိုင်ဂိုးတွေ သွင်းယူပေးခဲ့ပါတယ်။ မန်ယူအတွက် တလုံးတည်းသော ချေပဂိုးကိုတော့ ၅၈ မိနစ်မှာ ပယ်နယ်တီကတဆင့် မာရှယ်က သွင်းယူပေးခဲ့ပါတယ်။ ဒီပွဲအနိုင်ရတဲ့ မန်စီးတီးက ရမှတ် ၃၂ မှတ်နဲ့ အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်ထားနိုင်ပြီး မန်ယူကတော့ ရမှတ် ၂၀ နဲ့ အဆင့် ၈ နေရာမှာ ဆက်လက်ရပ်တည်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up