မြန်မာအမျိုးသမီးအသင်း နီပေါအသင်းနှင့် တဂိုးစီသရေကျ

ဓာတ်ပုံ - MFF
အိုလံပစ်ခြေစစ်ပွဲအဖြစ် မြန်မာအမျိုးသမီး လက်ရွေးစင်အသင်းနဲ့ နီပေါအသင်းတို့ မနေ့ညနေက ယှဉ်ပြိုင်ရာ တဖက်တဂိုးစီ သရေကျသွားပါတယ်။ ဒီပွဲရလဒ်ကြောင့် မြန်မာအသင်းက ၂ ပွဲကစား တပွဲနိုင် တပွဲသရေ ၄ မှတ်ရထားပြီး အိန္ဒိယအသင်းနဲ့ အမှတ်တူ ဂိုးကွာခြားချက်အရ အုပ်စုဒုတိယနေရာမှာ ရပ်တည်နေပါတယ်။ မြန်မာအမျိုးသမီးအသင်းဟာ နီပေါနဲ့ပွဲမှာ တဂိုးစီသရေကျခဲ့ပေမယ့် ဂိုးသွင်းခွင့် အများအပြားရခဲ့ပြီး တဂိုးပဲ သွင်းယူနိုင်ခဲ့တာပါ။ ဒီပွဲရလဒ်နဲ့ပတ်သက်ပြီး အဆုံးသတ်ပိုကောင်းဖို့ ပြင်ဆင်ရဦးမှာဖြစ်တယ်လို့ မြန်မာအသင်းနည်းပြ ဦးဝင်းသူမိုးက ပြောပါတယ်။ မြန်မာအမျိုးသမီးအသင်းဟာ လာမယ့် နိုဝင်ဘာ ၁၃ ရက်မှာ အိန္ဒိယအသင်းနဲ့ အုပ်စုနောက်ဆုံးပွဲ ကစားရဖို့ ကျန်သေးပြီး အနိုင်ရမှ နောက်တဆင့်တက်ရောက်ဖို့ မျှော်လင့်နိုင်မှာ ဖြစ်ပါတယ်။ ခြေစစ်ပွဲအုပ်စု ၄ ခုမှာ အုပ်စု ပထမ ၄ သင်းနဲ့ အကောင်းဆုံး ဒုတိယနှစ်သင်းက ဒုတိယအဆင့်ခြေစစ်ပွဲ ဆက်ပြီးကစားရမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up