လူသား၏ဆီးမှ အုတ်ထုတ်လုပ်သည့်နည်းကို သိပ္ပံပညာရှင်များ ဖော်ထုတ်

တောင်အာဖရိက သုတေသီများက လူသားတွေရဲ့ ဆီးကနေ အုတ်တွေကို ထုတ်လုပ်တဲ့ နည်းလမ်းကို ထုတ်ဖော်ပြောကြားခဲ့တယ်လို့ Daily Star သတင်းမှာဖော်ပြပါတယ်။ ဒီသုတေသနကို ကိတ်တောင်းတက္ကသိုလ်မှ သုတေသီတွေက ပြုလုပ်ခဲ့တာဖြစ်ပြီး စွန့်ပစ်စရာမလိုတဲ့ ဆောက်လုပ်ရေးလုပ်ငန်းသုံး အုတ်ထုတ်လုပ်ရေး လုပ်ငန်းစဉ်ဟာ ရာနှုန်းပြည့်အောင်မြင်ခဲ့ပြီလို့လည်း သူတို့က ပြောပါတယ်။ ဒီအုတ်တွေကို microbial carbonate precipitation လို့ခေါ်တဲ့ လုပ်ငန်းစဉ်ကနေ ထုတ်လုပ်တာ ဖြစ်တယ်လို့ သုတေသန အဖွဲ့ခေါင်းဆောင်ဆူဇန် လန်းဘတ်ကပြောပါတယ်။ ဒီလုပ်ငန်းစဉ်မှာ လူသားတွေရဲ့ ဆီး၊ သဲနဲ့ အန်ဆိုင်းကို ထုတ်လုပ်ပေးတဲ့ ဘတ်တီးယားတမျိုးတို့ပါဝင်ပြီး ဒီသုံးမျိုးကို ရောနှောခြင်းကနေ ဆီးမှာ ဓာတုဗေဒဆိုင်ရာ ဓာတ်ပြုမှုတခုကို ဖြစ်စေပါတယ်။ ဒီလိုပြိုကွဲခြင်းကနေတဆင့် ဆီးအတွင်းမှာရှိတဲ့ ယူရီးယားဓာတ်ကို ပေါ်ထွက်လာစေပြီး အဲဒီကနေတစ်ဆင့် ကယ်လ်ဆီယမ်ကာဗွန်နိတ်ကို ဖြစ်စေပါတယ်။ ဒါကို ထုံးကျောက်လို့ လူသိများပြီး ဒါဟာ ဘိလပ်မြေတွေရဲ့ အဓိကပါဝင်ပစ္စည်းတမျိုးလည်း ဖြစ်ပါတယ်။ “တကယ်လို့ အိမ်ဆောက်မယ့် လူတစ်ယောက်က ထုံးကျောက်ထက် ၄၀ ရာခိုင်နှုန်းလောက် ပိုမာတဲ့ အုတ်ကို လိုချင်တယ်ဆိုရင် သင့်အနေနဲ့ ဘတ်တီးရီးယားပိုးကို ကြာကြာအသက်ရှည်စေခြင်းနဲ့ ပိုမိုခိုင်ခန့်တဲ့ ထုတ်ကုန်တမျိုးကို ရရှိမှာဖြစ်ပါတယ်” လို့ ဒီလေ့လာမှုမှာပါဝင်ခဲ့တဲ့ သုတေသီတစ်ဦးဖြစ်သူဒိုင်လွန် ရန်ဒဲလ်က ပြောပါတယ်။ ဘတ်တီးရီးယားပိုးရဲ့ သက်တမ်းကြာရှည်လေလေ ထုတ်ကုန်ရဲ့ မာကြာမှုက ပိုကြာမြင့်လေလေဖြစ်ပြီး ဒီကိစ္စနဲ့ ပတ်သတ်လို့လည်း ယုံကြည်မှုရှိတယ်လို့ သူကပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up