လှိုင်သာယာတွင် တရက်လျှင် သက်ငယ်မုဒိမ်း ၂ မှုမှ ၃ မှုအထိ ဖြစ်နေ
ရန်နိုင်ဇော်ဝင်း
·
November 11, 2018
လှိုင်သာယာမြို့နယ်မှာ တရက်ကို သက်ငယ်မုဒိမ်းမှုပေါင်း ၂ မှုကနေ ၃ မှုအထိ ဖြစ်ပွားနေတယ်လို့ win win အမျိုးသမီးကူညီမှုအသင်းဥက္ကဋ္ဌ ဒေါ်ကေသီဝင်းက ပြောပါတယ်။
ဒီနေ့ပြုလုပ်တဲ့ အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် အကြမ်းဖက်မှုများ ကာကွယ်ရေး ဆွေးနွေးပွဲမှာ လိုင်သာယာမြို့နယ်ရဲတပ်ဖွဲ့ရဲ့ စာရင်းကို ကိုးကာပြောဆိုသွားတာပါ။
လှိုင်သာယာမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးချစ်ကိုကိုကလည်း လှိုင်သာယာမြို့နယ်ဟာ သက်ငယ်မုဒိန်းမှု အများဆုံး အခြေအနေမှာ ရှိနေတယ်လို့ ပြောပါတယ်။
သက်ငယ်မုဒိန်းမှု ကျူးလွန်ခံရသူတွေကို ပတ်ဝန်းကျင်က နှစ်သိမ့်ပြောဆိုမှုတွေနဲ့ ကျူးလွန်ခံရသူတွေဟာ ရဲစခန်းကို တိုင်ကြားလိုက်ရင် အရှက်သိက္ခာပိုကျမယ်ဆိုတဲ့ အတွေးတွကြောင့် သွားမတိုင်တော့တဲ့ ဖြစ်ရပ်တွေဟာ ကျူးလွန်သူတွေကို နောက်ထပ်ကျူးလွန်ဖို့ တွန်းအားပေးနယ်တယ်လို့လည်း ဆိုပါတယ်။
ဒါ့ကြောင့် သက်ငယ်မုဒိမ်းမှု ကျူးလွန်ခံရတဲ့သူတွေကို ပတ်ဝန်းကျင်က ဖေးမပေးဖို့ကိုလည်း လိုင်သာယာမြို့နယ် ဒုတိယအထွေထွေအုပ်ရေးမှူး ဦးချစ်ကိုကိုလွင်ကပြောပါတယ်။
သက်ငယ်မုဒိမ်းနဲ့ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု ပပျောက်ဖို့အတွက် လိုင်သာယာအပါအဝင် ရန်ကုန်မြို့ရဲ့ဆင်ဖုံးရပ်ကွက်တွေမှာ လုပ်ဆောင်သွားဖို့ရှိနေပါတယ်။