Home
မြန်မာသတင်း
ပြည်ထောင်စုဝန်ကြီးဌာနတခု တိုးချဲ့ဖွဲ့စည်းမည်
DVB
·
November 11, 2018
ပြည်ထောင်စုဝန်ကြီးဌာနတခု တိုးချဲ့ဖွဲ့စည်းဖို့ရှိတယ်လို့ မနက်ဖြန်မှာ ပြန်လည်စတင်မယ့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးလျာထားချက်မှာ ဖော်ပြထားပါတယ်။ ဘယ်ဝန်ကြီးဌာနဖြစ်တယ်ဆိုတာတော့ မနက်ဖြန် လွှတ်တော်မှာ သမ္မတကိုယ်စား လာရောက်တင်ပြမှပဲ သိရမှာပါ။ လက်ရှိမှာတော့ ဝန်ကြီးဌာနပေါင်း ၂၄ ခု ရှိနေတာဖြစ်ပါတယ်။ ဒါ့အပြင် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးအဖြစ် ခန့်အပ်လိုတဲ့သူရဲ့ အမည်ကိုလည်း သမ္မတက လွှတ်တော်ကို ပေးပို့ထားပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအ‌ခြေခံဥပဒေအရ ပြည်ထောင်စု တရားလွှတ်တော်ချုပ်မှာ ပြည်ထောင်စု တရားသူကြီးချုပ် အပါအဝင် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး အနည်းဆုံး ၇ ယောက်ကနေ ၁၁ ယောက်အထိ ခန့်အပ်နိုင်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024