A d v e r t i s e m e n t With Us

ဟူသီသူပုန်များ တပ်ချထားသည့် ဆေးရုံကို ယီမင်ခုခံရေးတပ် ဝင်ရောက်စီးနင်း

အာရပ်စော်ဘွားများ ပြည်ထောင်စုက ကျောထောက်နောက်ခံပေးထားတဲ့ ယီမင်ခုခံရေး တပ်မဟာ Giants' Brigade က တိုက်ခိုက်ရေးသမားတွေဟာ ဟိုဒေးဒါမြို့က ဟူသီသူပုန်တွေ တပ်ချထားတဲ့ အဓိကဆေးရုံကို နိုဝင်ဘာ ၉ ရက်က ဝင်ရောက်စီးနင်းပါတယ်။ မြို့အရှေ့ဘက် ဆင်ခြေဖုံးက ဆေးရုံကို ဟူသီသူပုန်တွေ နိုဝင်ဘာ ၈ ရက်က ဝင်စီးခဲ့တာလို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ ယီမင်နိုင်ငံအတွင်း အီရန်က ကျောထောက်နောက်ခံပေးထားတဲ့ ဟူသီသူပုန်တွေနဲ့ ဆော်ဒီအာရေဗျ ဦးဆောင်တဲ့ အာရပ်ညွန့်ပေါင်းတပ်က ကျောထောက်နောက်ခံ ပေးထားတဲ့ အစိုးရတပ်တွေကြား စစ်ဖြစ်နေတာ ၃ နှစ်ကျော်ပါပြီ။ အပစ်အခတ် ရပ်စဲကြဖို့ ဆော်ဒီအာရေဗျရဲ့ အဓိကမဟာမိတ် အနောက်နိုင်ငံတွေ အပါအဝင် ကမ္ဘာ့အင်အားကြီး နိုင်ငံတွေက ဆော်သြမှု တိုးလာနေတဲ့ကြားက ပဋိပက္ခတွေလည်း ပိုအရှိန်မြင့်လာနေတာပါ။ ယီမင်နိုင်ငံရဲ့  တင်သွင်းကုန်တွေအတွက် မရှိမဖြစ် အရေးပါတဲ့ ဆိပ်ကမ်းမြို့ ဟိုဒေးဒါကို ပြန်သိမ်းနိုင်ဖို့ ဆော်ဒီအစိုးရက စစ်သည် အင်အားထောင်နဲ့ချီ တပ်ချထားပါတယ်။ အနောက်နိုင်ငံတွေက လက်နက်နဲ့ ထောက်လှမ်းရေးကို အားကိုးနေရတဲ့ ဆော်ဒီ ညွန့်ပေါင်းတပ်ဟာ အကြီးအကျယ် ခုခံကာကွယ်နေတဲ့ ဟိုဒေးဒါမြို့ကို ပြန်သိမ်းဖို့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၃ နှစ်ကျော်ကြာနေတဲ့ ယီမင်စစ်ပွဲအတွင်း လူအယောက် ၁ သောင်းကျော် သေဆုံးခဲ့ ပြီးပါပြီ။

A d v e r t i s e m e n t With Us

More News
Up