အသင်းပိုင်ရှင်အတွက် လက်စတာအသင်း အမှတ်တရရုပ်တု တည်ဆောက်မည်

2.5K
ရဟတ်ယာဉ်ပျက်ကျလို့ သေဆုံးသွားခဲ့တဲ့ လက်စတာစီးတီးအသင်းပိုင်ရှင် ဗီချိုင်းအတွက် အိမ်ကွင်း ကင်းပါဝါကွင်းရှေ့မှာ အမှတ်တရရုပ်တု တည်ဆောက်ဖို့ပြင်ဆင်နေတယ်လို့ သိရပါတယ်။
ဒီရုပ်တုဟာ ဗီချိုင်းရဲ့ အသင်းအပေါ် စွမ်းဆောင်ပေးနိုင်ခဲ့တာတွေကို ဘယ်တော့မှ မမေ့နိုင်ဘူးဆိုတာ ပြသဖို့ ရည်ရွယ်တည်ဆောက်ခြင်းဖြစ်ကြောင်း သိရပါတယ်။
ဗီချိုင်းအနေနဲ့ လက်စတာစီးတီးအသင်းကို ဝယ်ယူခဲ့ပြီးနောက်မှာ အသင်းဟာ အလျင်အမြန် တိုးတက်လာခဲ့ပြီး ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။
ဒါ့အပြင် ကစားသမားကောင်းတွေလည်း အသင်းအတွက် အားဖြည့်ခဲ့ပြီးတော့ ပရီးမီးယားလိဂ်မှာ အဆင့်တခုရရှိအောင် ရပ်တည်နိုင်ခဲ့ပါတယ်။
လက်စတာစီးတီးအသင်းဟာ ဗီချိုင်းသေဆုံးခဲ့ပြီးနောက်ပိုင်း ပထမဆုံးအိမ်ကွင်းပွဲစဉ်အဖြစ် ဘန်လေအသင်းနဲ့ ယှဉ်ပြိုင်ကစားရတာလည်း ဖြစ်ပါတယ်။
ရုပ်တုပြုလုပ်မယ့် အစီအစဉ်အတွက် ဗီချိုင်းရဲ့သားဖြစ်သူက ဦးဆောင်မှာဖြစ်ပြီး လက်စတာစီးတီး တမြို့လုံးကလည်း လက်ခံတယ်လို့ သိရပါတယ်။