A d v e r t i s e m e n t With Us

ဂျော်ဒန်တွင် ရေလွှမ်းမိုးမှုကြောင့် သေဆုံးသူ ၁၂ ဦးရှိပြီ

ဂျော်ဒန်နိုင်ငံမှာ မိုးကြီးပြီး ရေလွှမ်းမိုးခဲ့လို့ နိုဝင်ဘာ ၁၀ ရက်ထိ သေဆုံးသူ စုစုပေါင်း ၁၂ ယောက် ရှိသွားပြီလို့ သိရပါတယ်။ ရှေးဟောင်းမြို့ ပေထရာကနေ ကမ္ဘာလှည့်ခရီးသည် အယောက် ၃၇၀၀ ကို အာဏာပိုင်တွေက ဘေးကင်းရာ ရွှေ့ပေးခဲ့ရတယ်လို့ အရာရှိတွေက ပြောပါတယ်။ မဒါဘာမြို့က ရှာဖွေကယ်ဆယ်ရေးအတွင်း အရပ်ဘက်ကာကွယ်ရေးတပ်က ရေငုပ်သမားတယောက် သေဆုံးတယ်လို့ အဖွဲ့ရဲ့ ပြန်ကြားရေး ညွှန်မှူး ဗိုလ်မှူး အိုင်ယဒ် အယ်လ် အာမာက ပြောပါတယ်။ ခရီးသည်တွေ ဒဏ်ရာမရပေမယ့် မိန်းကလေး ၂ ယောက် ပျောက်နေလို့ ရှာနေတယ်လို့ ဆိုပါတယ်။ နိုဝင်ဘာ ၁၀ ရက်နေ့က ကျောင်းတွေ၊ တက္ကသိုလ်တွေကို ပိတ်ထားတယ်လို့ အစိုးရက ကြေညာခဲ့ပြီး ဗလီတွေကိုတော့ ရေဘေးသင့်အရပ်သားတွေ ခိုလှုံနိုင်ဖို့ ဖွင့်ပေးထားပါတယ်။ ပင်လယ်သေ ဆိပ်ကမ်းမြို့ အကာဘာမှာ အရေးပေါ် အခြေအနေ ကြေညာထားရပါတယ်။ ပင်လယ်သေ ဒေသအတွင်း ဆယ်စုနှစ်တွေထဲမှာ အဆိုးဆုံး သဘာဝကပ်ဘေးသင့်နေလို့ သီတင်းပတ် ၂ ပတ်အတွင်း ကလေးအများအပြား အပါအဝင် လူ ၂၁ ယောက် သေဆုံးခဲ့ပါတယ်။ ရုတ်တရက် ရေကြီးလို့ ကျောင်းတကျောင်းလည်း မျောပါသွားခဲ့ပါတယ်။ ဝန်ကြီး ၂ ယောက် တာဝန်ကို လျစ်လျူရှုကြောင်း လွှတ်တော်ကော်မတီက တွေ့ခဲ့လို့ နုတ်ထွက်ခိုင်းခဲ့ပါတယ်။ အရေးပေါ်ဌာန ဝန်ထမ်းတွေ ကြိုတင်ပြင်ဆင်မှု မရှိဘူးလို့ နိုင်ငံရေးသမားတွေနဲ့ ပြည်သူတွေက ဝေဖန်ပြစ်တင်ခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up