Home
မြန်မာသတင်း
အများစုပေါင်းလှူဒါန်းမှုဖြင့် ယင်းမာပင်တွင် အခမဲ့မျက်စိဆေးရုံ ဖွင့်လှစ်
DVB
·
November 11, 2018
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်၊ ဆင်တဲကျေးရွာမှာ ရွှေဆံနွယ်ဆရာတော် ဒေါက်တာ အရှင်ဝါယမာနန္ဒဦးဆောက်ပြီး အများစုပေါင်းလှူဒါန်းမှုနဲ့ အခမဲ့မျက်စိဆေးရုံကို နိုဝင်ဘာလ ၁၀ ရက်နေ့ မနက်ပိုင်းက ဖွင့်လှစ်ခဲ့ပါတယ်။ ဩစတြေးလျနိုင်ငံ ဒကာ ၁ ဦးက မြန်မာငွေ သိန်း ၁၅၀၀ လောက် မတညှ်ူုဒါန်းတာကနေ စတင်ခဲ့တာဖြစ်ပြီး အခါအားလျော်စွာ မျက်စိကုသပေးခဲ့တာ ၁၄ ကြိမ်ရှိသွားပြီလို့ ရွှေဆံနွယ်ဆရာတော် ဒေါက်တာ အရှင်ဝါယမာနန္ဒက မိန့်ကြားပါတယ်။ အားလုံး မပြည့်စုံသေးတဲ့အတွက် အလှူရှင်တွေ လိုအပ်နေသေးတယ်လို့ သိရပါတယ်။ မျက်စိဆေးရုံဖွင့်ပွဲကို စစ်ကိုင်းတိုင်း လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း၊ ဟောင်ကောင်၊ မကာအို၊ ဩစတြေးလျတို့က Venevolance Charity Hall အဖွဲ့က အလှူရှင်တွေ၊ ဆရာတော်ဦးဆောင်တဲ့ ဒေသခံတွေ မျက်စိဝေဒနာရှင်တွေ တက်ရောက်ခဲ့ကြပါတယ်။ မျက်စိဆေးရုံသစ် ဖွင့်ပွဲအထိမ်းအမှတ်အနေနဲ့ ဒေသတွင်းအပါအဝင် အနယ်နယ်အရပ်ရပ်က မသန်စွမ်းတွေ၊ သက်ကြီးရွယ်အိုတွေအတွက် ဝှီးချဲအစုံ ၃၀၀ လောက်ကိုလည်း လှူဒါန်းခဲ့ပါသေးတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024