WordPress database error: [Incorrect key file for table './burmese_dvb_no/dvp_options.MYI'; try to repair it]
INSERT INTO `dvp_options` (`option_name`, `option_value`, `autoload`) VALUES ('_transient_doing_cron', '1660458811.2771439552307128906250', 'yes') ON DUPLICATE KEY UPDATE `option_name` = VALUES(`option_name`), `option_value` = VALUES(`option_value`), `autoload` = VALUES(`autoload`)

FPP စည်းမျဉ်း ချိုးဖောက်ပါက ထိရောက်စွာ အရေးယူသင့်ဟု လီဗာပူးနည်းပြပြော – DVB

FPP စည်းမျဉ်း ချိုးဖောက်ပါက ထိရောက်စွာ အရေးယူသင့်ဟု လီဗာပူးနည်းပြပြော

ဘဏ္ဍာရေးဆိုင်ရာ အသုံးစရိတ်ကန့်သတ်မှု (FFP) စည်းမျဉ်းတွေကို ချိုးဖောက်တဲ့ အသင်းတွေ ရှိလာရင် ထိထိရောက်ရောက် အရေးယူဆောင်ရွက်သင့်တယ်လို့ လီဗာပူးလ်နည်းပြ ဂျာဂင်ကလော့ပ်က ပြောပါတယ်။ မန်စီးတီးနဲ့ ပီအက်စ်ဂျီအပါအဝင် ဥရောပကလပ်အသင်းအချို့က ဘဏ္ဍာရေး စည်းမျဉ်းတွေကို ချိုးဖောက်တယ်လို့ သတင်းတွေ ထွက်ပေါ်လာပြီးတဲ့နောက်မှာ ကလော့ပ်က အခုလိုပြောကြားခဲ့တာပဲဖြစ်ပါတယ်။ ဂျာမနီသတင်းစာ Der Spiegal က မန်စီးတီးအသင်းရဲ့ ဘဏ္ဌာရေးအခြေအနေနဲ့ ပတ်သက်တဲ့ သတင်းတွေကို မကြာသေးခင်က ဆောင်းပါးများစွာ ရေးသားထုတ်ပြခဲ့ပါတယ်။ ဒီသတင်းတွေကို ပေါက်ကြားလာတဲ့ ဘောလုံးဆိုင်ရာ သတင်းအချက်အလက်တွေကို အခြေခံကာ ရေးသားခဲ့တာပဲဖြစ်ပါတယ်။ သတင်းတွေမှာ ရှိတ်မန်ဆော ရဲ့ မန်စီးတီးအသင်းဟာ UEFA ရဲ့ ဘဏ္ဍာရေးစည်းမျဉ်းတွေကို ရှောင်ရှားနိုင်ဖို့အတွက် အသင်းပိုင်ရှင်ရဲ့ ကုမ္ပဏီဖြစ်တဲ့ အဘူဒါဘီကုမ္ပဏီတွေက ပေါင်သန်းရာချီတန်ဖိုးရှိတဲ့ စပွန်ဆာ စာချုပ်တွေ ရယူနေတယ်လို့ ဖော်ပြထားပါတယ်။ မန်စီးတီးအသင်းနည်းတူ ပီအက်စ်အဂျီအသင်းကလည်း ဘဏ္ဍာရးစည်းမျဉ်းတွေကို ရှောင် ရှားဖို့ အလားတူလုပ်ရပ်တွေကို ဆောင်ရွက်နေတယ်လို့လည်း သတင်းမှာဖော်ပြထားပါတယ်။ ဒီအခြေအနေတွေနဲ့ပတ်သက်လို့ ကလော့ပ်က ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပြီး ဒီစည်းမျဉ်းစည်းကမ်းတွေဟာ ဘောလုံးလောကအတွက် ကောင်းမွန်တဲ့အရာတွေဖြစ်ပြီး ဒီစည်းကမ်းတွေကို ချိုးဖောက်တဲ့ အဖွဲ့အစည်းနဲ့ အသင်းတွေရှိရင် ထိထိရောက်ရောက် အရေးယူရမယ်လို့ ပြောပါတယ်။ “Der Spiegel ရဲ့ သတင်းတွေကို ကြားပြီးဖြစ်ပေမယ့် ဒီသတင်းတွေကို ဖတ်တော့ မဖတ်ကြည့်ရသေးပါဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှမပြောလိုပေမယ့် UEFA ရဲ့ FFP စည်းမျဉ်းတွေက အမှန်တကယ်ကို ကောင်းမွန်တဲ့ အရာတွေပါ” လို့ ကလော့ပ်က ပြောပါတယ်။ “စည်းကမ်းချက်တွေကို ထုတ်ပြန်ထားတာ အရာအားလုံး ကောင်းမွန်ဖို့အတွက်ပါ။ စည်းကမ်းကို လိုက်နာမယ်ဆိုရင် အရာအားလုံးက အကောင်းအတွက် ဖြစ်လာမှာဖြစ်ပေမယ့် လိုက်နာဖို့ ပျက်ကွက်ခဲ့တယ်ဆိုရင်တော့ ထိထိရောက်ရောက် အရေးယူရပါမယ်” လို့ ဂျာမာန်သားနည်းပြကြီးက ပြောပါတယ်။

//
More News
Up