Home
မြန်မာသတင်း
အလုပ်အကိုင် အခွင့်အလမ်းပြပွဲ မန္တလေးတွင် ကျင်းပ
DVB
·
November 10, 2018
မန္တလေးမြို့ ကျုံးတောင်ဘက် ၂၆ လမ်းနဲ့ (၆၆)လမ်းထောင့်ရှိ Hilton Mandalay ဟိုတယ်မှာ Mandalay Job Nation အလုပ်အကိုင် အခွင့်အလမ်းပြပွဲကို ဒီနေ့ ကျင်းပနေပါတယ်။ မကြာသေးမီက တက္ကသိုလ် စာမေးပွဲ ဖြေပြီးချိန်ဖြစ်တာကြောင့် ကျောင်းပြီးသွားတဲ့ ကျောင်းသားကျောင်းသားတွေ အလုပ်အကိုင် ရှာဖွေနေတာတွေ၊ အလုပ်ရှင်ဘက်ကလည်း ဝန်ထမ်းအသစ်တွေ ခေါ်ယူလိုတာတွေကို ချိတ်ဆက်ပေးနိုင်ဖို့ ဒီပွဲကို ကျင်းပပေးတာပါ။ JobNet.com.mm ရဲ့ အရောင်းဌာန ဒုတိယဥက္ကဋ္ဌ မဇင်မာက ''အလုပ်ရှင်တွေ အလုပ်တွေက ရန်ကုန်မှာတစ်ခုထဲတင်မဟုတ်ဘူး မန္တလေးမှာလဲရှိပါတယ်။ အလုပ်ရှင်တွေက မန္တလေးက အလုပ်တွေအတွက် မန္တလေးမှ နေထိုင်သူတွေကို ခေါ်ချင်ကြတာ၊ မန္တလေးမှ အလုပ်လုပ်ချင်သူတွေများတော့ သူတို့တွေအတွက် အခွင့်အလမ်းတွေရဖို့ အခုလို စီစဉ်တာပါ'' လို့ ဒီဗွီဘီကို ပြောပါတယ်။ Mandalay Job Nation အလုပ်အကိုင်အခွင့်အလမ်းပြပွဲကနေ အလုပ်လာရောက်ရှာဖွေသူတွေအနေနဲ့ အလုပ်ရှာဖွေနိုင်မယ့်အပြင် အလုပ်အကိုင်လမ်းကြောင်းတွေနဲ့ ပက်သက်ပြီး ပညာရှင်တွေရဲ့ အကြံပြုဆွေးနွေးမှုတွေကိုလည်း လေ့လာနိုင်မှာပါ။ ဒီပြပွဲမှာ ကုမ္မဏီ ၁၂ ခုက Sales and Marketing, PR, IT, Logistics, Finance & Accounting, Hospitality, Administration, Human Resources စတဲ့ အလုပ်အကိုင်တွေကို ခေါ်ယူခဲ့တာပါ။ အလုပ်အကိုင် အခွင့်အလမ်းတွေနဲ့ပတ်သက်ပြီး လေ့လာသိရှိလိုသူတွေအနေနဲ့လည်း www.jobnet.com.mm မှာ ဝင်ရောက် ကြည့်ရှုလေ့လာနိုင်တယ်လို့ သိရပါတယ်။ သော်တာ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024