Home
သတင်းဓာတ်ပုံ
မန္တလေးတွင် ကွန်ဗင်းရှင်းစင်တာ ဖွင့်လှစ် (ဓာတ်ပုံ)
DVB
·
November 10, 2018
မန္တ​လေးတိုင်း​ဒေသကြီး ချမ်းမြသာစည်​မြို့နယ်​သိပ္ပံလမ်းနဲ့ လမ်း ၇၀ × ၇၁ လမ်း​မှာ ​ဆောက်လုပ်​ပြီးစီးခဲ့တဲ့ ကွန်​ဗင်းရှင်းစင်​တာ နိုဝင်ဘာလ ၉  ရက်နေ့က မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ဖွင့်လှစ်ပေးခဲ့ပါတယ်။ အဲဒီကွန်ဗင်းရှင်းစင်တာဖွင့်ပွဲအပြီးမှာ Mandalay Business Forum 2018 ကို ကျင်းပပြုလုပ်ခဲ့ကြပါတယ်။ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများစွာရှိတဲ့ မန္တလေးတိုင်းဒေသကြီးမှာ ဖွင့်လှစ်ခဲ့တဲ့ အဲဒီကွန်ဗင်းရှင်းစင်တာမှာ Mandalay Business Forum 2018 ကို တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့အတူ ရင်းနှီးမြှုပ်နှံမှုကော်မတီ၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုက်ာမရှင်(MIC) စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန New Star Light Group of Companies တို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြတာလည်း ဖြစ်ပါတယ်​။ ဒါဟာ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီနဲ့ Mandalay Investment and Development တို့ ပူးပေါင်းဆောင်ရွက်နေတဲ့ စီမံကိန်းကနေ စည်ပင်က ရရှိတဲ့ အဆောက်အအုံဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024