Home
မြန်မာသတင်း
ပြည်တွင်းစစ်ငြိမ်းချမ်းရေး မိုင် ၁၂၀ ကျော်အကွာအဝေးကို တကိုယ်တော်လမ်းလျှောက်
DVB
·
November 10, 2018
ပြည်တွင်းစစ် ငြိမ်​ချမ်း​ရေးနဲ့ ၂၁ ရာစု ပင်လုံအောင်မြင်စေဖို့ အသက် ၅၇ နှစ်အရွယ် ဦးစိုးဝေက မိုင် ၁၂၀​ ကျော်​ ဝေးကွာတဲ့ ပုဏ္ဏားကျွန်း၊ ရ​သေ့​တောင်​၊ ဘူးသီး​တောင်​၊ မောင်တောမြို့ကနေ ငူ​မော်လမ်းအတိုင်း စစ်​​တွေကို နိုဝင်​ဘာ ၁၀ ရက်​​နေ့က တကိုယ်တော် လမ်းလျှောက်ခဲ့ပါတယ်။ တရားမဝင် ဝင်ရောက်လာတဲ့ ဒေသခံတွေကို ခြိမ်းခြောက်သတ်ဖြတ်တာတွေ၊ မငြိမ်းမချမ်းဖြစ်နေတာတွေကို ပြည်သူတွေ၊ အရပ်ဘက်အဖွဲ့တွေနဲ့ အစိုးရအဖွဲ့တွေ ပူးပေါင်းပြီး ငြိမ်းချမ်းအောင် ဖန်တီးပေးဖို့ကိုလည်း တောင်းဆိုထားပါတယ်။ ပြည်တွင်းစစ်ရပ်စဲပြီး ၂၁ ရာစု ပင်လုံ ညီလာခံ အောင်မြင်စေဖို့ ရည်ရွယ်ချက်နဲ့ ငြိမ်းချမ်းပါစေ မြန်မာပြည် ဆောင်းပုဒ်ကိုင်ကာ လမ်းလျှောက်ခဲ့သူဟာ နိုင်ငံရေးအကျဉ်သားဟောင်းတဦးလည်း ဖြစ်ပါတယ်။ သူဟာ အောက်တိုဘာ ၂၃ ရက်နေ့က ပုဏ္ဏကျွန်းမြို့ကနေ စတင်​ လမ်းလျှောက်ထွက်ခွာလာပြီး နိုဝင်ဘာ ၄ ရက်နေ့မှာ ရသေ့တောင်၊ နိုဝင်ဘာ ၅ ရက်နေ့မှာ ဘူးသီးတောင်၊ ၇ ရက်နေ့မှာ မောင်တောမြို့ကို ရောက်ရှိလာပြီး ဒီကနေ့မှာတော့ မောင်တောကနေ အငူမော်လမ်းအတိုင်းစစ်တွေကို လမ်းလျှောက်ထွက်ခွာသွားတာ ဖြစ်ပါတယ်။ လမ်းခရီးမှာ နေထိုင်မကောင်းဖြစ်လို့ ခေတ္တာနားခိုခဲ့ရတာတွေရှိခဲ့ပြီး ခက်ခဲကြမ်းတမ်းခဲ့တယ်လို့ လမ်းလျှောက်သူ ဦးစိုးဝေက ရှင်းပြခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024