အမေရိကန် လူးဝီစီယားနားပြည်နယ်တွင် အရေးပေါ်အခြေအနေ ကြေညာ

အိုင်ဇက် (Isaac) မုန်တိုင်းဟာ အမေရိကန်ပြည်ထောင်စုကို ဖြတ်သန်း တိုက်ခတ်တော့မှာ ဖြစ်တဲ့ အတွက် သမ္မတ အိုဘားမားက လူးဝီစီယားနား (Louisiana) ပြည်နယ်မှာ အရေးပေါ် အခြေအနေ ကြေညာလိုက်ပါတယ်။ အိုဘားမားက သဘာဝ ဘေးအန္တရာယ် ကြေညာချက်ကို အတည်ပြုခဲ့ပြီး အပျက်အစီးတွေ ရှင်းလင်းတာတွေ စတဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ လုပ်ဖို့ ဖက်ဒရယ် ရန်ပုံငွေကိုလည်း ရရှိအောင် ပြုလုပ်ပေးခဲ့ပါတယ်။ [caption id="attachment_29889" align="alignleft" width="300" caption="(ဓာတ်ပုံ- ရိုက်တာ)"][/caption] အိုင်ဇက်ဟာ ကမ်းခြေအတိုင်း ကုန်းတွင်းပိုင်းကို ၀င်ရောက်လာနိုင်တဲ့ အတွက်လည်း လူးဝီစီယားနား အုပ်ချုပ်ရေးမှူး ဘော်ဘီ ဂျင်ဒါလ် (Bobby Jindal) က မုန်တိုင်းနဲ့ ပတ်သက်ပြီးတော့ ပြင်ဆင်စရာ ရှိတာတွေ လုပ်ဆောင်ရမှာ ဖြစ်တဲ့အတွက် လည်း ဖလောရီဒါမှာ ကျင်းပမယ့် ရီပတ်ဘလီကင် အမျိုးသား ညီလာခံကို တက်ရောက်မှာ မဟုတ်ဘူးလို့ သတင်းထောက်တွေကို ပြောပါတယ်။ ဒီအချိန်မှာ အားလုံးအတူတကွ မုန်တိုင်းကို ပူးပေါင်း ကာကွယ်ရမှာ ဖြစ်သလို မိသားစုနဲ့ ပိုင်ဆိုင်တာတွေကို ကာကွယ်ဖို့ အလုပ်ကြိုးစားလုပ်ရမှာဖြစ်သလို မုန်တိုင်းပြီးဆုံးသွားရင်လည်း ကိုယ်ခြေထောက်ပေါ် ကိုယ်ရပ်တည်အောင်လုပ်ရမယ်လို့ သူက ဆက်ပြောပါတယ်။ ဒေသစံတော်ချိန် ၂ နာရီ တိုင်းထွာချက်တွေအရ အိုင်ဇက်ဟာ မစ္စစပီမြစ်ဝ ရဲ့ အရှေ့တောင်ဘက် ၂၈၀ မိုင်မှာ ဗဟိုပြုပြီး ၁ နာရီကို ၆၅ မိုင်နှုန်းနဲ့ အနောက်မြောက်ဘက်ကို ရွေ့လျား တိုက်ခတ်မယ်လို့ သတိပေးထားပါတယ်။ မုန်တိုင်းဟာ ကုန်းတွင်းပိုင်းကို မရောက်မီ ၁ နာရီကို ၉၆ ကနေ ၁၁၀ မိုင် အထိ ရောက်နိုင်တယ်လို့ လည်း ဆိုပါတယ်။ မုန်တိုင်းသတိပေးချက်ကို လူးဝီစီယားနား ကမ်းခြေကနေ နယူးအော်လန် အပါအ၀င် ဖလော်ရီဒါ အထိ ထုတ်ပြန်ထားပါတယ်။ ခန့်မှန်းသူတွေအဆိုအရ မုန်တိုင်းဟာ အမေရိကန် ကမ်းလွန်ရေနံ ထုတ်လုပ်နေတဲ့နေရာကိုလည်း ဖြတ်သန်းသွားနိုင်တယ်လို့ ဆိုပါတယ်။ ကမ်းရိုးတန်းမှာ ဗုဒ္ဓဟူးနေ့ လာရောက် ဗဟိုပြုမယ်လို့လည်း မျှော်လင့်နေပါတယ်။ လူးဝီစီယားနား၊ မစ္စစ်စွပီ၊ အယ်လာဘားမား ပြည်နယ်အစိုးရတွေ ကလည်း အရေးပေါ် အခြေအနေကို တနင်္ဂနွေနေ့မှာ ကြေညာခဲ့ပါတယ်။ အိုင်ဇက်မုန်တိုင်းဟာ နယူးအော်လန် ပြည်နယ်ကို ဦးတည်နေပြီးတော့ ဒီနေ့နဲ့ မနက်ဖြန်မှာ  ဖြတ်သန်းတိုက်ခတ်မယ်လို့လည်း ဆိုပါတယ်။ နယူးအော်လန်က စီးပွားရေးသမားတွေကလည်း မုန်တိုင်းနဲ့ ပတ်သက်ပြီးတော့ ပြင်ဆင်တာတွေကို လုပ်ဆောင်နေပါတယ်။ မုန်တိုင်းဟာ ကမ်းရိုးတန်းအတိုင်း ၀င်ရောက် တိုက်ခတ်လာတဲ့ အတွက် စီးပွားရေးတွေ သိသိသာသာ ကျဆင်းတယ်လို့  စားသောက်ဆိုင် ပိုင်ရှင် အန်တိုနီက ပြောပါတယ်။ အယ်လ်ဘားမား ကမ်းခြေနဲ့ လူဝစ်စီးယားနားက တချို့နေရာတွေနဲ့ နယူးအော်လန်တို့မှာ လည်း ဘေးလွတ်ရာကို ရွှေ့ပြောင်းတာတွေ လုပ်ဆောင်နေပါတယ်။ ဟေတီနဲ့ ဒိုမိုနီကန်နိုင်ငံတွေမှာ လူ ၂၄ ဦးလည်း ဒီမုန်တိုင်းကြောင့် အသက်ဆုံးရှုံးခဲ့ပါတယ်။ ကာရစ်ဘီယံဒေသတွေမှာ မုန်တိုင်းကြောင့် ရေကြီးပြီး ပျက်စီးဆုံးရှုံးတာတွေလည်း ဖြစ်ပွားခဲ့ပါတယ်။  မနက်ဖြန်ဆိုရင် အမေရိကန်မှာ မုန်တိုင်း ကတ်ထရီနာ (Katrina) တိုက်ခတ်တာ ၇ နှစ်ပြည့်သွားပြီလည်း ဖြစ်ပါတယ်။ နယူးအော်လန်မှာ ကတ်ထရီနာမုန်တိုင်း  ရိုက်ခတ်ခဲ့စဉ်က လူ ၁၈၀၀ လောက် သေဆုံးခဲ့ပြီး ဒေါ်လာ ဘီလီယံချီပြီးတော့ ပျက်စီးခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up