ရုရှားနှင့် အမေရိကန် တင်းမာမှု မြင့်တက်နေသည့်အပေါ် ဂေါ်ဘာချော့ဗ် သတိပေး

ဓာတ်ပုံ - Reuters
2.8K
ရုရှားနဲ့ အမေရိကန်ကြား တင်းမာမှုတွေ မြင့်တက်နေတဲ့အပေါ် ဆိုဗီယက်ခေါင်းဆောင်ဟောင်း မီခေးလ်ဂေါ်ဘာချော့ဗ်က သတိပေးလိုက်ပြီး စစ်အေးတိုက်ပွဲဆီ ပြန်မသွားသင့်ဘူးလို့ နိုဝင်ဘာ ၈ ရက်နေ့က ပြောကြားလိုက်ပါတယ်။
ဂေါ်ဘာချော့ဗ် ဘဝအကြောင်းနဲ့ ၁၉၈၀ ဝန်းကျင်ကာလ သူ့ရဲ့ ဆိုဗီယက် ပြုပြင်ပြောင်းလဲမှုတွေအကြောင်း ရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင် ပွဲဦးထွက်ပွဲ လာရောက် ကြည့်ရှုချိန်မှာ အခုလို ပြောကြားလိုက်တာပါ။
အသက် ၈၇ နှစ်အရွယ် ဆိုဗီယက်ခေါင်းဆောင်ဟောင်း ဂေါ်ဘာချော့ဗ်က “ကျေန်ာတို့ချမှတ်ထားတဲ့ လမ်းကြောင်းကို ဆက်သွားရပါမယ်။ စစ်ပွဲဆိုတာကို အပြီးတိုင် တားမြစ်ရပါမယ်။ အရေးအကြီးဆုံးက နျူကလီးယားလက်နက်ကို စွန့်လွှတ်ရမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။
တာလတ်ပစ် နျူကလီးယားဒုံးကျည်စာချုပ် (INF) ကနေ နုတ်ထွက်ဖို့ စီစဉ်ထားတယ်လို့ အမေရိကန်သမ္မတ ထရမ့်ရဲ့ ပြောကြားချက်ကို ဂေါ်ဘာချော့ဗ်က ရှုတ်ချခဲ့ပါတယ်။
အဲဒီစာချုပ်ကို ဂေါ်ဘာချော့ဗ်နဲ့ ရော်နယ်ရေဂင်တို့က ၁၉၈၇ ခုနှစ်မှာ လက်မှတ်ရေးထိုးခဲ့တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။