ကယ်လီဖိုးနီးယားတွင် တောမီးများ ကြောက်မက်ဖွယ်လောင်ကျွမ်း၊ ဒေသခံများ ရွှေ့ပြောင်း

2.3K
အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မှာ နိုဝင်ဘာ ၈ ရက်နေ့က တောမီးတွေ ကြောက်မက်ဖွယ် လောင်ကျွမ်းနေပါတယ်။
လော့စ်အိန်ဂျလိစ်မြို့ မြောက်ဘက် ဗန်ကျူရာစီရင်စုမှာလည်း တောမီးတခု လောင်ကျွမ်းနေပြီး ဧက ၈၀၀၀ ထက်မနည်း လောင်ကျွမ်းခဲ့ပါတယ်။
ဗန်ကျူရာတောမီးကြောင့် ပြည်နယ်တက္ကသိုလ် ကျောင်းဝင်းနဲ့ အနီးဝန်းကျင် ဒေသတွေက ဒေသခံတွေကို ဘေးလွတ်ရာ ပြောင်းရွှေ့ခဲ့ပါတယ်။
တောမီးကြောင့် လော့စ်အိန်ဂျလိစ်နဲ့ မြောက်ပိုင်းကို ဆက်သွယ်တဲ့ အဝေးပြေးလမ်းမ အမှတ် ၁၀၁ အပိုင်းကိုလည်း ပိတ်ခဲ့ရပါတယ်။
လူအသေအပျောက်နဲ့ အိုးအိမ်ပျက်စီးမှု စာရင်းကိုတော့ ချက်ချင်း မသိရသေးပါဘူး။ တောမီးလောင်ရတဲ့ အကြောင်းရင်းကို စုံစမ်းနေတယ်လို့ ဗန်ကျူရာစီရင်စု မီးသတ်ဌာနက ပြောကြားခဲ့ပါတယ်။