Home
မြန်မာသတင်း
နာဂဒေသတွင် တောဝက်ပက်ခံရသဖြင့် ရွာသား ၂ ဦး ပြင်းထန်စွာဒဏ်ရာရ
DVB
·
November 9, 2018
စစ်ကိုင်းတိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်၊ ဒုံဟီးမြို့နယ်ခွဲ၊ ချန်ကောက်ဆန်ရီကျေးရွာမှာ ရွာသား ၂ ဦး တောဝက်ပက်ခံခဲ့ရလို့ ဒဏ်ရာအပြင်းအထန်ရရှိ ခဲ့ပါတယ်။ နိုဝင်ဘာ ၇ ရက်က တောင်ယာစိုက်ခင်းအတွင်း တောဝက်ဝင်လို့ လိုက်လံပစ်ခတ်ရာကနေ တောဝက်က ပြန်တိုက်ခိုက်လို့ ဒေသခံ သင်းထောက် ဆရာအပါအဝင် ရွာသား ၂ ဦး ခန္ဓာကိုယ်မှာ ပြင်းထန်ဒဏ်ရာတွေရရှိခဲ့ပြီး နန်းယွန်းမြို့နယ် ဆေးရုံမှာ အတွင်းလူနာအဖြစ် ဆေးကုသမှု ခံယူနေရပါတယ်။ တောဝက်ကိုက်တာ၊ အစွယ်နဲ့ပက်တာကြောင့် ဒေသခံ ဦးနာသော့ဟာ ညာဘက်လက်မောင်း အရိုးကြေဒဏ်ရာ၊ ဦးကျောက်ဝမ်းမှာ ရင်ဘတ်၊ နံဘေး၊ ဦးခေါင်းဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။ "စိုက်ခင်းမှာစိုက်ထားတဲ့ သီးနှံတွေ လာစားဖျက်ဆီးတာကို လိုက်ပစ်ကြတာ။ အဲဒါကနေ ပြန်ပက်ခံရတာ။ တယောက်ကတော့ လက်ကို အကိုက်ခံရတယ်။ တော်တော်ဆိုးတယ်။ တယောက်ကတော့ ရင်ဘတ်နဲ့ ခေါင်းမှာ အကိုက်ခံရတယ်။ ကျန်တဲ့နေရာလည်း ပွန်းပဲ့တာတွေရှိတယ်။” နာဂဒေသထဲမှာ တောဝက်တွေ မကြာခဏဆိုသလို စိုက်ခင်းတွေထဲကို  လာရောက်ဖျက်ဆီး၊ စားသောက်လေ့ရှိတာ ဖြစ်ပါတယ်။ အောင်ကိုလတ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024