Home
မြန်မာသတင်း
အင်ဒိုနီးရှား တရားမဝင်ငါးဖမ်းလှေ ၁ စီး မြန်မာရေတပ် ဖမ်းမိ
DVB
·
November 8, 2018
အင်ဒိုနီးရှား တရားမဝင်ငါးဖမ်းလှေတစီးကို  မြန်မာ့တပ်မတော် (ရေ)က နိုဝင်ဘာ ၆ ရက်နေ့ ညပိုင်းက ဖမ်းဆီးရမိတယ်လို့ တနင်္သာရီတိုင်း၊ ကော့သောင်းမြို့ရဲတပ်ဖွဲ့ထံက သိရပါတယ်။ T-201 မြန်​မာစစ်​​ရေယာဉ်ဟာ ကော့သောင်းမြို့ သံကျွန်းအ​နောက်​​မြောက်​ ၅၄ မိုင်​အကွာမှာ မသင်္ကာဖွယ်ရာ တွေ့ရှိရတဲ့အတွက် သွားရောက်စစ်ဆေးရာ BIN TANG JAS အမည်ရှိတဲ့ အင်​ဒိုနီးရှား တရားမဝင်​ ငါးဖမ်း​လှေ တစီးကိုတွေ့ရှိ ဖမ်းဆီးရမိခဲ့တာပါ။ အလျား ၅၅​ ပေ၊ အနံ ၁၆​ ပေ ၅ လက်​မ၊ ​ရေစူး ၇ ​ပေ ၅ လက်​မ လောက်ရှိတဲ့ သစ်​သားကိုယ်​ထည်​ လှေကို စစ်ဆေးရာ လှေပေါ်ပါသူအားလုံး ရေထဲခုန်ချထွက်ပြေး တဲ့အတွက် လိုက်လံဆယ်ယူရာ ​ရေထဲခုန်​ချသွား​တဲ့ အင်​ဒိုနီးရှားနိုင်ငံသား ကျား ၁၆ ဦးအနက် ၁ဦး​ရေနစ်​​သေဆုံးပြီး အသက်ရှင်သူ ၁၅ ဦးကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ဖမ်းဆီးရမိတဲ့ လှေလုပ်သား ၁၅ ဦးကို ကော့သောင်းမြို့ရဲတပ်ဖွဲစခန်းမှာ ​ရေယာဉ်​ငါးဖမ်းခွင့် ဥပ​ဒေပုဒ်မ ၃၈ (က)(ခ)နဲ့ အရေးယူထားပြီး လဝက ဥပဒေနဲ့ အရေးယူနိုင်ဖို့ ဆက်လက် ဆောင်ရွက်နေတယ်လို့  ကော့သောင်းမြို့ရဲတပ်ဖွဲမှ တာဝန်ရှိသူတဦးက ပြောပါတယ်။ သတင်း - လတ်ကိုကိုဦး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024