Home
မြန်မာသတင်း
နေအိမ်ဓာတ်ဆီလောင်း မီးရှို့သူက အိမ်ရှင်ကို ဓားဖြင့်ထိုးသတ်
DVB
·
November 8, 2018
ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်မှာ နေအိမ်ဓာတ်ဆီလောင်း မီးရှို့မှုအား တားဆီးတဲ့သူကို ဓာနဲ့ ထိုးသတ်မှု ဖြစ်ပွားခဲ့တယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။ နိုဝင်ဘာ ၇ ရက်နေ့ မနက် ၉ နာရီအချိန်လောက်က လှိုင်းဘွဲမြို့နယ်၊ အလမ်းကြီးကျေးရွာနေ ရီစိုး (၄၂) နှစ်ဟာ တရွာတည်းနေ ဦးဝမ်းမောင် (၅၄) နှစ်ရဲ့ နေအိမ်အား ဓာတ်ဆီပက်ပြီး မီးရှို့နေတာကို ဦးဝမ်းမောင်က တားဆီးမီးငြှိမ်းသတ်နေစဉ် ဓားနဲ့ထိုးမှု ဖြစ်ပွားခဲ့တာပါ။ ရီစိုးက အသင့်ပါလာတဲ့ အရိုး/ အသွား ၁၄ လက်မလောက်ရှိ ဓားချွန်နဲ့ထိုးတာကြောင့် ဦးဝမ်းမောင်ဟာ ချိုင်းအောက် ထိုးသွင်းဒဏ်ရာ ၁ ချက်ရရှိပြီး အခင်းဖြစ်နေရာမှာ သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။ ဒီနောက် ရီစိုးဟာ ဓာတ်ဆီဆိုင်မှ ဓာတ်ဆီ ၂ ပုလင်း သွားရောက်ယူဆောင်ပြီး ထပ်မံမီးရှို့ခဲ့တာကြောင့် သွပ်မိုး၊ ပျဉ်ခင်း၊ ပျဉ်ကာ နေအိမ် ၁ လုံး၊ ဂိုဒေါင် ၁ လုံး၊ ဆိုင်ကယ် ၁ စီး၊ မီးစက် ၃ လုံး၊ ရေစုပ်စက် ၁ လုံး၊ ဆန်ကွဲကြိတ်စက် ၁ လုံး၊ ရွှေထည်ပစ္စည်းမျိုးစုံ ၁၀ ကျပ်သားလောက်၊ ငွေကျပ် ၄၀ သိန်းလောက်နဲ့ အခြားပစ္စည်းတွေ မီးလောင်ဆုံးရှုံးခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်လို့ သေဆုံးသူရဲ့သမီးဖြစ်သူက တိုင်တန်းခဲ့လို့ ရီစိုးအား ရွှေဂွန်းနယ်မြေရဲစခန်းက  ရာဇသတ်ကြီးပုဒ်မ ၃၀၂/၄၃၆ (လူသတ်မှု/မီးရှို့မှု) နဲ့ အမှုဖွင့် စစ်ဆေးနေတယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024