လော့စ်အိန်ဂျလိစ်မြို့ ဘားတခုကို သေနတ်သမားပစ်ခတ်၊ လူအများအပြား ဒဏ်ရာရ

ဓာတ်ပုံ - Facebook
2.4K
အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ်မြို့အနီးရှိ ဘားတခုမှာ နိုဝင်ဘာ ၇ ရက်နေ့က သေနတ်ပစ်ခတ်မှုကြောင့် လူအများအပြား ဒဏ်ရာရခဲ့တယ်လို့ လော့စ်အိန်ဂျလိစ်တိုင်းမ်စ် သတင်းဌာနက ဆိုပါတယ်။
ည ၁၁ နာရီခွဲဝန်းကျင်က THOUSAND OAKS မြို့ရှိ Borderline Bar & Grill ဆိုင်ကို သေနတ်သမားတဦး ဝင်ရောက်ပစ်ခတ်ခဲ့တာပါ။
မျက်မြင်သက်သေတွေက သေနတ်သမားဟာ အနည်းဆုံး အချက် ၃၀ လောက် ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
သေနတ်ပစ်ခတ်မှုဖြစ်ရာနေရာကို တာဝန်ရှိသူတွေ ရောက်သွားခဲ့ပြီး ပစ်ခတ်မှုကြောင့် အနည်းဆုံး ရဲတပ်ဖွဲ့ဝင်တဦး ဒဏ်ရာရခဲ့တယ်လို့လည်း သိရပါတယ်။
ရဲတပ်ဖွဲ့တာဝန်ရှိသူက အဲဒီဘားအတွင်း လူ ၁၀၀ ထက်မနည်း ရှိတယ်လို့ ယုံကြည်ရကြောင်း ပြောပါတယ်။
အဲဒီဘားမှာ ဗုဒ္ဓဟူးနေ့ညတိုင်း ကောလိပ်ကျောင်းသားတွေရဲ့ပါတီ ပြုလုပ်တယ်လို့ ဘားရဲ့ဝက်ဘ်ဆိုက်ကို ကိုးကားပြီး လော့စ်အိန်ဂျလိစ်တိုင်းမ်စ် သတင်းအရ သိရပါတယ်။