အင်းသားအမျိုးသားနေ့ ညောင်ရွှေမြို့တွင်ကျင်းပ
DVB
·
November 8, 2018
အင်းသူအင်းသားတွေရဲ့ ရိုးရာယဉ်ကျေးမှုဘာသာစကား ဓလေ့ထုံးတမ်းတွေကို ထိန်းသိမ်းနိုင်ဖို့ တတိယအကြိမ် အင်းသားအမျိုးသားနေ့ကို ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့ မြို့တော်ခန်းမမှာ နိုဝင်ဘာ ၈ ရက်က ကျင်းပပါတယ်။
အင်းအမျိုးသား အချင်းချင်းစည်းလုံးညီညွတ်ရေး၊ အင်းလေးကန်မတိမ်ကောရေး သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ အင်းလေးကန် မညစ်ညမ်းစေရေးတွေကို ပြည်သူနဲ့ပေါင်းပြီ အမျိုးသားရေးတာဝန် တရပ်အဖြစ် ဆောင်ရွက်ရေးအဓိကထား ဆောင်ရွက်တာဖြစ်ပါတယ်။
အင်းသားအမျိုးသားနေ့မှာ အင်းလူငယ်တွေ လူထုတွေ့ဆုံပွဲပြုလုပ်ပြီး ကလေးသူငယ် အခွင့်အရေး၊ မြို့မြေနေရာတိကျစွာသတ်မှတ်ရေးစတဲ့ အချက်အပါဝင် တောင်းဆိုထားပါတယ်။
ဒါ့အပြင် အင်းသားအမျိုးသားနေ့မှာ အင်းသားတွေလိုလားတဲ့ အင်းသားလူငယ်ကွန်ရက် ကိုလည်း ဖွဲ့စည်းနိုင်ခဲ့ပါတယ်။
အင်းသားအမျိုးသားနေ့ဟာ အင်းသားဆုံဆည်းရာက တဆင့် အရပ်သားအစိုးရလက်ထက် ၂၀၁၆ ခုနှစ်က စတင်ပြီး တန်ဆောင်မုန်းလဆန်း ၁ ရက်နေ့ကို သတ်မှတ် ကြတာဖြစ်ပါတယ်။
အင်းလေးဒေသမှာ အခြားတိုင်းရင်းသားတွေဖြစ်တဲ့ ရှမ်း၊ ပအိုဝ်း၊ တောင်ရိုး၊ လီဆူ ၊ ဓနု တိုင်းရင်းသားတွေလည်းပူးပေါင်းပါဝင်ခဲ့ပါတယ်။
အင်းသားအမျိုးသားနေ့မှာ လူထုတွေ့ဆုံပွဲ၊ အင်းသားကထိန်ပွဲ ပြခန်းတွေနဲ့ အားကစားပြိုင်ပွဲတွေလည်းထည့်သွင်း ကျင်းပခဲပြီး ပိတ်ပွဲကိုတော့ မီးပုံးပျံ လွှတ်တင် ပြုလုပ်မှာဖြစ်ပါတယ်။
သတင်း - ခွန်ရာဇာ