A d v e r t i s e m e n t With Us

ကရင်ပြည်နယ်နေ့အထိမ်းအမှတ် လှေလှော်ပြိုင်ပွဲ ကျင်းပ

၆၃ နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ် မြန်မာရိုးရာ လှေလှော်ပြိုင်ပွဲနဲ့ ဆုချီးမြှင့်ပွဲကို  ကရင်ပြည်နယ်၊ ဘားအံမြို့မှာ နိုဝင်ဘာ ၇ ရက်က ကျင်းပပါတယ်။ မြန်မာ့ရိုးရာလှေလှော်ပြိုင်ပွဲမှာ အမျိုးသား အမျိုးသမီး ၅ တက်လှော် ၃၁ သင်း၊ အမျိုးသား အမျိုးသမီး ၃ တက်လှော် ၃၁ သင်း၊ အမျိုးသား အမျိုးသမီး ၁ ဦးချင်းပြိုင်ပွဲမှာ ၄၄ သင်း ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ ကရင်ပြည်နယ်၊ ၀န်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ကတော့  ကရင်ပြည်နယ်ကြီး အေးအေးချမ်း ချမ်းဖြစ်ဖို့ ပြည်နယ်သူပြည်နယ်သားအားလုံး ငြိမ်းချမ်းရေးမှာ ပူးပေါင်းဆောင်ရွက်ပေးဖို့  ဆုပေးပွဲမှာ တိုက်တွန်းလိုက်ပါတယ်။ "ကရင်ပြည်နယ်ကြီး ၆၃ နှစ်ပြည့်ခဲ့ပြီ နောက်လာမယ့် နှစ်တွေမှာ အေးအေးချမ်းချမ်းနဲ့ ဖြစ်စေချင်ပါတယ်။ ဒါကြောင့်မို့လို့ ကရင်ပြည်နယ်သူ ကရင်ပြည်နယ်သား အားလုံးကိုပြောချင်တာ ကတော့ ငြိမ်းချမ်းရေးမှာ ပူးပေါင်းဆောင်ရွက်ပေးပါ" လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူအထူးဒေသ၊ ဒေါ်နန်းချိုအေးက "ပြိုင်ပွဲမှာဆုရတဲ့ သူတွေ ကြည့်ပြီး ပီတိဖြစ်ရသလို သူတို့နဲ့အတူ ပျော်ရတယ်။ လာမယ့်နောင်နှစ် နောင်နှစ်တွေမှာလည်း ဆုရတဲ့သူတွေကော မရတဲ့သူတွေကော ဒီထက်ပိုပျော်နိုင်ပါစေလို့။ ကရင်ပြည်နယ်မှာ ငြိမ်းချမ်းလို့ ဒီလို ပျော်ပွဲ ရွှင်ပွဲတွေ ကျင်းပနိုင်တာ။ ကျမတို့တွေ မငြိမ်းချမ်းတဲ့ဘ၀တွေကို ဖြတ်သန်းခဲ့ရပြီးပြီ။ နောက်ထပ်အဲဒီလို အခြေအခြေအနေမျိုးကို ဘယ်သူမှမသွား ချင်တော့ဘူး"လို့ ပြောပါတယ်။ လှေလှော်ပြိုင်ပွဲကို အမျိုးသားလွှတ်တော် ဒုဥက္ကဋ္ဌ ဦးအေးသာအောင်၊ တိုင်းရင်းသား လူမျိုးရေးရာပြည်ထောင်စုဝန်ကြီး ဦးနိုင်သက်လွင်၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်၊ ပြည်နယ်အစိုးရအဖွဲ့မှ ၀န်ကြီးတွေ တက်ရောက်ခဲ့ပြီး ပြိုင်ပွဲအလိုက် ဆုရရှိတဲ့ အသင်းတွေနဲ့ တဦးချင်း ဆုရရှိသူတွေကို ဆုချီးမြှင့်ခဲ့ပါတယ်။ ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ကာယဗလမောင်၊ ကာယအလှမယ်ပြိုင်ပွဲတွေ၊ ဂေါက်သီးရိုက်ပြိုင်ပွဲ၊ ရိုးရာခြင်းလုံးအလှခတ်ပြိုင်ပွဲ၊ရိုးရာလက်ဝှေ့ပြိုင်ပွဲနဲ့ တင်းနစ်ပြိုင်ပွဲတွေလည်း  ကျင်းပခဲ့ပါတယ်။ သတင်း - ရဲမင်းခေါင်

A d v e r t i s e m e n t With Us

More News
Up