Home
မြန်မာသတင်း
မန္တလေးတိုင်းအစိုးရထံ သွားရောက်တောင်းဆိုသည့် ပန်ဒါအထည်ချုပ်လုပ်သားများ တားဆီးခံရ
Aung Aung Naing
·
November 8, 2018
မန္တလေးတိုင်းဒေသကြီး၊ စဥ့်ကိုင်မြို့နယ်ရှိ ပန်ဒါချည်မျှင်နှင့် အထည်စက်ရုံက အလုပ်ထုတ်ခံခဲ့ရတဲ့ အလုပ်သမား ၂၀၀ ကျော်ကို အလုပ်ပြန်ခန့်ထားပေးဖို့ အလုပ်သမားတွေက တိုင်းအစိုးရထံ သွားရောက်တောင်းဆိုစဉ် ရဲတပ်ဖွဲ့က တားဆီးခဲ့ပါတယ်။ စဥ့်ကိုင်မြို့နယ်၊ ပန်ဒါချည်မျှင်နှင့် အထည်စက်ရုံက အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်ဖြစ်​တဲ့ (EC) ချုပ်ဆိုခြင်း မရှိတဲ့ အလုပ်သမား ၂၀၀ ကျော်​ကို အလုပ်က ထုတ်ပယ်ထားခဲ့ပါတယ်။ အလုပ်ပြန်လည်ခန့်ထားပေးနိုင်​ဖို့ အလုပ်သမား​တွေက မန္တလေးတိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံး​ရှေ့ကို တင်ပြတောင်းဆိုဖို့  မနေ့က သွားရောက်ခဲ့ရာ ပုလိပ်မြို့ ရဲစခန်းရှေ့မှာ တားဆီးခံခဲ့ရပါတယ်​။ EC စာချုပ်ကို အလုပ်ရှင်ဘက်​က​နေပြီး တဖက်သတ်ရေးဆွဲထားတာဖြစ်​လို့ အလုပ်သမား တွေက စာချုပ်ချုပ်ဆိုခြင်းမပြုဘဲ ဇူလိုင် ၂၉ ရက်က ဆန္ဒထုတ်ဖော်ခဲ့ကာ အလုပ်ထုတ်ခံရတဲ့ နိုင်​ငံ ဝန်​ထမ်း​ဟောင်း​တွေကို ပြန်လည် ခန့်ထားပေးဖို့ မန္တလေးတိုင်း ဝန်ကြီးချုပ်ထံ တောင်းဆိုခဲ့ကြပါတယ်​။ အ​ခြေခံအလုပ်​သမားအဖွဲ့အစည်း အတွင်း​ရေးမှူး မဇာခြည်​ဝင်းက “အလုပ်ထုတ်ခံထားရတဲ့ အလုပ်သမားတွေနဲ့ သွားရောက်တောင်းဆိုဖို့ ပလိပ်ရဲစခန်းကတားတယ်။ ခေါင်းဆောင် သုံးယောက်ကိုလည်း ဖမ်းထားတာလား၊ ညှိနှိုင်းနေတာလား​တော့ မသိဘူး။ ကျမတို့ ဒီမိုကရေစီ နိုင်ငံဆိုရင် လူ့အခွင့်အရေးတွေ ဆုံးရှုံးနေတယ်။ အလွှဲပြောင်းခံ နိုင်ငံ့ဝန်ထမ်းတွေ ထမင်းငတ်နေ ကြပြီ”လို့ ​ပြောပါတယ်​။ EC စာချုပ်မှာ အလုပ်ထုတ်ခံရပါက လက်​ရှိ​နေတဲ့လိုင်းခန်းက ဖယ်ရှားပေးရမှာ ဖြစ်ပြီးနောက်ဆက်တွဲ စည်းကမ်းချက်တွေကို လိုက်နာရမယ်လို့ ပါဝင်​နေတာ​ကြောင့် အလွှဲပြောင်းခံ နိုင်ငံဝန်ထမ်းဟောင်းတွေ အခက်အခဲ​နဲ့ ကြုံတွေ့နေရပါတယ်​။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024