Home
ရုပျသံ
ရုပ်ရှင်ဝါသနာအိုးတို့အတွက် ဘယ်ရုံမှာ ဘာကားတွေပြနေသလဲ...
DVB
·
November 8, 2018
ဒီတပတ် ဒီဗွီဘီရဲ့ Movie Crazy – DVB အစီအစဉ်မှာ ရုပ်ရှင်ဝါသနာအိုးတွေ အတွက် ပုံမှန်တင်ဆက်နေကြဖြစ်တဲ့ နိုင်ငံတကာနဲ့ ပြည်တွင်းက ကောင်းနိုးရာရာ ရုပ်ရှင် ဇာတ်ကားတွေကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။ မူဗီခရေဇီတွေကို ပထမဆုံးမိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ ဟောလိ ၀ုဒ် War, Action, Horror, Mystery အမျိုးအစား ရုပ်ရှင်ကြိုက် ပရိသတ်တွေအတွက် Overlord ! ဒီကားကိုတော့ နာမည်ကြီး ရုပ်ရှင်ကုမ္ပဏီတခုဖြစ်တဲ့ Paramount Pictures က တင်ဆက်လိုက်တာဖြစ်ပြီး သြစတေးလျရုပ်ရှင်ဒါရိုက်တာ Julius Avery က ရိုက်ကူးပုံ ဖော်ပေးထားတာ ဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်း V-Day မတိုင်ခင်ကာလမှာ အမေရိကန်တပ်သားတစု ဟာ နာဇီပိုင်နက် ကျေးရွာတခုထဲကို Mission တခုအရ ရောက်ရှိနေကြတယ်။ သူတို့ရဲ့ Mission က ဘာဖြစ်မလဲ။ နာဇီစစ်သားတွေနဲ့ ထိပ်တိုက်ရင်ဆိုင်ရချိန်မှာတော့ လျှို့ဝှက် တဲ့ ဒီစစ်စခန်းထဲမှာ သူတို့ထင်မှတ်မထားတဲ့ သွေးပျက်ထိတ်လန့်စရာကောင်းတဲ့ အရာ တွေနဲ့ ရင်ဆိုင်ရချိန်မှာ ဘာတွေဆက်ဖြစ်လာမလဲဆိုတာတွေကို ရင်တထိတ်ထိတ်နဲ့ ဒီကားထဲမှာ ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီကားထဲမှာ ဟောလိဝုဒ်သရုပ်ဆောင်မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ Jovan Adepo, Wyatt Russelle နဲ့ Mathilde Ollivier တို့က ခေါင်းဆောင်ပါဝင်ထားကြတာ ဖြစ်ပါတယ်။ ကြမ်းတမ်းတဲ့ စစ်ပွဲနောက်ခံ မြင်ကွင်းတွေ၊ တိုက်ခိုက်မှုတွေ၊ ဇာတ်ဝင်ခန်းပြောစ ကား Dialog တွေ ပါဝင်နေတာမို့ ဒီကားကိုတော့ အသက် ၁၇ နှစ်အောက် ကလေးငယ် တွေကို မိဘအုပ်ထိန်းသူ ခွင့်ပြုချက်နဲ့မှ ကြည့်ရှုသင့်တဲ့ Restercted R အဆင့် သတ် မှတ်ထားပါတယ်။ ဒီရုပ်ရှင်ကားဟာ IMDb မှာတော့ Rating 6.8 ထိ ရရှိထားပြီး Box Office မှာ တော့ ရုံတင်မယ့် ပထမသီတင်းပတ်မှာတင် ၀င်ငွေအမေရိကန်ဒေါ်လာ ၁၀ သန်းရရှိနိုင် မယ်လို့ ခန့်မှန်းထားပါတယ်။ ကြာမြင့်ချိန် မိနစ် ၁၁၀ ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ လာမယ့် နိုဝင်ဘာလ ၉ ရက် နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ နောက်ထပ်မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကားကတော့ မထွက်ခင်ကတည်း က နာမည်ကြီးနေခဲ့တဲ့ မြန်မာရုပ်ရှင်ကား မီ ! ဒီကားကတော့ နာမည်ကြီး စာရေးဆရာမကြီး ကြည်အေးရဲ့ ၀တ္ထုကို ဒါရိုက်တာ ဏကြီးက ကိုယ်တိုင်ဇာတ်ညွှန်းခွဲ၊ ကိုယ်တိုင်ရိုက်ကူးထားတာဖြစ်ပြီး Victoria Film Production က တင်ဆက်လိုက်တာ ဖြစ်ပါတယ်။ ၁၉၅၀ ပြည့်လွန်ကာလကို အခြေတည်ရေးဖွဲ့ထားတဲ့ ဒီဇာတ်လမ်းဟာ နားလည် ရခက်တဲ့ မီဆိုတဲ့ မိန်းကလေးတယောက်ကြောင့် ယောက်ျားတွေ အရူးအမူးဖြစ်ကြတဲ့ အကြောင်း၊ ချစ်တဲ့စိတ်တဖက်၊ သံသယစိတ်တဖက်နဲ့ မီကို လက်ထပ်ယူခဲ့တဲ့ အမျိုးသား တယောက်အကြောင်းကို တင်ပြထားခဲ့တာပါ။ ဒီကားထဲမှာတော့ အဲဒီခေတ်ကလို ဘယ် လို အပြင်အဆင်တွေ၊ အထူးပြုလုပ်မှုတွေနဲ့ ရုပ်ရှင်အဖြစ် ပုံပေါ်လာအောင် ရိုက်ကူး ထားမလဲဆိုတာ ပရိသတ်တွေက မကြာခင်မှာ ကြည့်ရှုကြရတော့မှာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ အဓိကဇာတ်ကောင် မီနေရာမှာ သရုပ်ဆောင်မင်းသမီး ပိုင်ဖြိုး သုက ခေါင်းဆောင်ပါဝင်ထားပြီး သူနဲ့အတူ သရုပ်ဆောင်မင်းသားတွေဖြစ်ကြတဲ့ နေတိုး၊ ရဲအောင်၊ မင်းဦး၊ သားညီ၊ အောင်ရဲထိုက်တို့က အတွဲညီညီ တွဲဖက်ပါဝင်ထားကြတာ ဖြစ်ပါတယ်။ မီရုပ်ရှင်ကား အထူးပွဲပြသမှုကိုတော့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁ ရက်နေ့က ပြုလုပ်ခဲ့ ပြီး ရုပ်ရှင် Trailer ဟာလည်း ဖေ့စ်ဘွတ်ခ်ပေါ်မှာ ၀င်ရောက်ကြည့်ရှုတဲ့ အကြိမ်ရေ ၁ သန်းကျော် ရှိနေခဲ့တာ ဖြစ်ပါတယ်။ ဒီကားကိုတော့ လာမယ့် နိုဝင်ဘာလ ၉ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါ တယ်။ မူဗီခရေဇီတွေကို ထပ်ပြီး မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကားကတော့ ဟောလိဝုဒ် Crime Thriller Drama ပရိသတ်အကြိုက် The Girl In The Spider’s WEB: A New Dragon Tattoo Story ! ဒီကားကိုတော့ ဥရုဂွေးရုပ်ရှင်ဒါရိုက်တာ Fede Álvarez က ရိုက်ကူးပုံဖော်ထား တာဖြစ်ပြီး နာမည်ကြီး ရုပ်ရှင်ကုမ္ပဏီ Sony Pictures က တင်ဆက်လိုက်တာ ဖြစ်ပါ တယ်။ Computer Hacker ကောင်မလေးတယောက်ဖြစ်တဲ့ Lisbeth နဲ့ Journalist ကောင်လေး Mikael တို့ဟာ ချစ်သူတွေ ဖြစ်ကြတယ်။ သူတို့ ၂ ယောက်ဟာ စပိုင်တွေ၊ ဆိုက်ဘာပြစ်မှု ကျူးလွန်သူတွေနဲ့ အကျင့်ပျက်ခြစား အစိုးရထိပ်တန်းတာဝန်ရှိသူတွေရဲ့ ကြားမှာ ပိတ်မိခဲ့ချိန်မှာ တော့ ဘာတွေဆက်ဖြစ်လာမလဲဆိုတာတွေကို စွန့်စားတိုက်ခိုက် မှု အက်ရှင်ပြကွက်တွေနဲ့ ဒီကားထဲမှာ ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ ဟောလိဝုဒ်နာမည်ကြီး ဗြိတိန်သရုပ်ဆောင်မင်းသမီး Claire Foy, ဆွီဒင် သရုပ်ဆောင်မင်းသား Sverrir Gudnason တို့နဲ့အတူ တခြားသရုပ်ဆောင်တွေ အများကြီးက ပါဝင်သရုပ်ဆောင်ထားကြတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားကို Rome Film Festival မှာ ကနဦးပြသခဲ့ပြီး ချီးကျူးမှုတွေ ရရှိထား တဲ့ ဇာတ်ကားပါ။ ဘတ်ဂျတ်အမေရိကန်ဒေါ်လာ ၄၃ သန်း အကုန်အကျခံရိုက်ကူးထားတဲ့ ဒီရုပ်ရှင် ကားကိုတော့ ရုံတင်မယ့် ပထမသီတင်းပတ်မှာတင် ၀င်ငွေ အမေရိကန်ဒေါ်လာ ၁၁ သန်း ရရှိနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ ကြာမြင့်ချိန် ၁၁၅ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ လာမယ့် နိုဝင်ဘာလ ၉ ရက် နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ နောက်ထပ် မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကားကတော့ ဘောလိဝုဒ်ရုပ်ရှင်ပရိသတ်တွေ အကြိုက်တွေ့စေမယ့် Thugs of Hindostan ! တမူကွဲပြားတဲ့ Action Adveture ပုံစံရိုက်ကူးထားတဲ့ ဒီကားကိုတော့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ Vijay Krishna Acharya က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ ဒီကားကတော့ ၁၇ ရာစုနှောင်းပိုင်းကာလ အိန္ဒိယနိုင်ငံရဲ့ တောင်ဘက်စွန်း Hindostan လို့ သိကြတဲ့ ဒေသမှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကို ဇာတ်လမ်းဆင် ရိုက်ကူးထားခဲ့တာပါ။ အဲဒီအချိန်က အိန္ဒိယနိုင်ငံရဲ့ ရေပိုင်နက်နေရာအတော်များများကို British East India Company က သိမ်းပိုက်ထားခဲ့ပြီး သူတို့ရဲ့ နယ်မြေချဲ့ထွင်မှုမှာ အတားအဆီး ဖြစ်လာမယ့် လူဆိုးဂိုဏ်းတဂိုဏ်းနဲ့ ထိပ်တိုက်ရင်ဆိုင်ရတဲ့အခါမှာ ဘာ တွေဖြစ်လာမလဲ။ ဘယ်လိုတိုက်ခိုက်မှုတွေနဲ့ ပုံဖော်ဖန်တီးထားမလဲဆိုတာကို ပရိသတ် တွေက မကြာခင်မှာ ရှုစားကြရတော့မှာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ မြန်မာပရိသတ်တွေ ရင်းနှီးကြပြီးဖြစ်တဲ့ ၀ါရင့်ဘောလိဝုဒ်သ ရုပ်ဆောင်မင်းသားကြီး Amitabh Bachchan, မင်းသား Aamir Khan တို့နဲ့အတူ သ ရုပ်ဆောင်မင်းသမီး Katrina Kaif တို့က အတွဲညီညီ ပါဝင်ထားကြတာပါ။ ဒီရုပ်ရှင်ကားဟာ ဘတ်ဂျတ်ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၄၂ သန်း အကုန်အ ကျခံရိုက်ကူးထားခဲ့ပြီး ဘောလိဝုဒ်ရုပ်ရှင်သမိုင်းမှာတော့ ကုန်ကျစရိတ်အများဆုံး ရုပ်ရှင် ကားအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။ ကြာမြင့်ချိန် ၁၆၄ မိနစ်ရှိတဲ့ Hindi စကားပြော ဒီရုပ်ရှင်ကားကိုတော့ လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ မူဗီခရေဇီတွေကို နောက်ဆုံးမိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကားကတော့ မြန် မာရုပ်ရှင်ကားတကားဖြစ်တဲ့ အမုန်းတွေ ခေါက်ထားလိုက် ! ဒီကားကိုတော့ သရုပ်ဆောင်မင်းသမီး မိုးဟေကိုရဲ့ မိုးရုပ်ရှင်ထုတ်လုပ်ရေးကနေ တင်ဆက်လိုက်တာဖြစ်ပြီး သရုပ်ဆောင် ဒါရိုက်တာ သားညီက ပုံဖော်ရိုက်ကူးပေးထား ခဲ့တာ ဖြစ်ပါတယ်။ မျက်နှာချင်းဆိုင်လို့ မရအောင် မတည့်ကြတဲ့သူ ၂ ယောက် တအိမ်တည်း အတူ နေကြရာကနေ အမုန်းတရားကို အခြေခံပြီး တယောက်နဲ့ တယောက် အပြန်အလှန်ပ ညာပြတာတွေ၊ အနေနီးစပ်ရာမှ အမုန်းကနေ အချစ်ပြောင်းလဲသွားတာတွေကို ဒီကားထဲ မှာ အချစ်ဟာသပုံစံ ရိုက်ကူးထားတာ ဖြစ်ပါတယ်။ နေတိုးနဲ့ မိုးဟေကိုတို့ဟာ မိုးညအိပ်မက်မြူလို နာမည်ကြီး ရုပ်ရှင်ကားမှာလည်း အတွဲညီညီနဲ့ သရုပ်ဆောင်ပိုင်ပိုင်နိုင်နိုင်ရှိခဲ့ကြတာမို့ ဒီကားထဲမှာတော့ ပုံစံတမျိုးကွဲပြီး ဘယ်လို သရုပ်ဆောင်ထားကြမလဲဆိုတာကလည်း စိတ်ဝင်စားစရာကောင်းပါတယ်။ ဒီကားထဲမှာ တခြားသရုပ်ဆောင်တွေဖြစ်ကြတဲ့ ရဲအောင်၊ မြတ်ကေသီအောင်၊ ကျော်ကျော်၊ တက္ကသိုလ်ဂွမ်းပုံနဲ့ တခြားသရုပ်ဆောင်တွေ အများကြီးက ပါဝင်အားဖြည့် ထားကြပါတယ်။ ဒီရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကိုတော့ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၁ ရက်နေ့က ပြုလုပ်ခဲ့တာဖြစ်ပြီး ရုပ်ရှင်ကား Trailer ဟာလည်း ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန် ရက်စာမျက်နှာပေါ်မှာ ၀င်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၁ သန်းကျော်ရှိနေခဲ့တာ ဖြစ် ပါတယ်။ ဒီကားကိုတော့ လာမယ့် နိုဝင်ဘာ လ ၉ ရက်မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ Movie Crazy-DVB အစီအစဉ်ကို အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညတိုင်း ၇.၃၀ နာရီ မှာ ထုတ်လွှင့်ပြသနေတာဖြစ်ပါတယ်။ ကြည့်ရှုဖို့ မမီလိုက်တဲ့ ပရိတ်သတ်တွေအနေနဲ့ ကြာသပတေးနေ့ည ၉.၃၀ နာ ရီ၊ စနေနေ့ နေ့လည် ၁၂.၁၅ နာရီနဲ့ တနင်္ဂနွေနေ့မနက် ၉.၁၅ နာရီတို့မှာ ပြန်လည် ထုတ်လွှင့်ပေးနေတာ ဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ Movie Crazy တွေအတွက် နိုင်ငံတကာနဲ့ မြန်မာရုပ်ရှင်ကား တွေ အကြောင်းကို ကောင်းနိုးရာရာ ရွေးချယ်တင်ဆက်ပေးနေတာဖြစ်ပြီး Movie Crazy-DVB ဆိုတဲ့ Facebook စာမျက်နှာကနေတဆင့်လည်းကြည့်ရှုအားပေးနိုင်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024