A d v e r t i s e m e n t With Us

အဂတိလိုက်စားမှုတိုက်ဖျက်ရေး တက်ကြွလှုပ်ရှားသူ အသတ်ခံရမှု စစ်ဆေးမည်ဟု ယူကရိန်းသမ္မတ ပြော

ဓာတ်ပုံ - Reuters
ယူကရိန်းနိုင်ငံက အဂတိလိုက်စားမှု တိုက်ဖျက်ရေး တက်ကြွလှုပ်ရှားသူ အသတ်ခံရမှုကို စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးမယ်လို့ ယူကရိန်းသမ္မတ ပေထရို ပိုရိုရှန်ကိုက နိုဝင်ဘာ ၆ ရက်မှာ ပြောပါတယ်။ နိုင်ငံတောင်ပိုင်း ဆိပ်ကမ်းမြို့ ခါဆွန်မှာနေတဲ့ ကုလ စေတနာ့ဝန်ထမ်းနဲ့ လူမှုရေး တက်ကြွလှုပ်ရှားသူ ကာတေရီနာ ဟန်းဂျွတ်ဟာ အက်ဆစ်နဲ့ တိုက်ခိုက်ခံရအပြီး ဆေးရုံပေါ်မှာ နိုဝင်ဘာ ၄ ရက်က သေဆုံးသွားတာပါ။ တိုက်ခိုက်မှုကို လက်ရောက်ကျူးလွန်သူ၊ အပေါင်းပါနဲ့ စီစဉ်သူတွေကို ရဲတွေက တွေ့ထားပြီ၊ ဒီအမှုကို အပြည့်အဝ စုံစမ်းစစ်ဆေးဖို့ တောင်းဆိုထားတယ်လို့ ပိုရိုရှန်ကိုက ပြောပါတယ်။ ခါဆွန်မြို့တော်ဝန်ရဲ့ လက်ထောက်အဖြစ် အလုပ်လုပ်ဖူးသူ ဟန်းဂျွတ်ဟာ သူ့တိုက်ခန်းနားမှာ ဇူလိုင် ၃၁ ရက်က တိုက်ခိုက်ခံခဲ့ရတာပါ။ တိုက်ခိုက်သူသုံးခဲ့တဲ့ ဆာလ်ဖျူရစ်အက်ဆစ်ဟာ သူ့ခန္ဓာကိုယ်ရဲ့ ၄၀ ရာခိုင်နှုန်းကို လောင်ကျွမ်းခဲ့ပါတယ်။ ခွဲစိတ်ကုသမှု ၁၁ ကြိမ် လုပ်အပြီးမှာ ဟန်းဂျွတ်က ဆေးရုံအခန်းတွင်း ရုပ်သံမှတ်တမ်း တင်ခဲ့ပြီး သူနဲ့ တခြား တက်ကြွလှုပ်ရှားသူတွေအပေါ် တိုက်ခိုက်မှုတွေကို စုံစမ်းစစ်ဆေးဖို့ အာဏာပိုင်တွေကို တောင်းဆိုခဲ့ပါတယ်။ သူသေဆုံးတဲ့အတွက် သူ့ဇာတိမြို့ ခါဆွန်နဲ့ အနားက အိုဒဲ့ဆာမြို့တွေမှာ ရာနဲ့ချီတဲ့လူတွေ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ပြီး သူသေဆုံးမှုကို စုံစမ်းစစ်ဆေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up