အင်တာတိုက်စစ်မှူး အီကာဒီ ရီးရဲလ်သို့ ပြောင်းမည်မဟုတ်ဟု ဇနက်တီ ပြော

တိုက်စစ်မှူး အီကာဒီဟာ ရီးရဲလ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့မှာ မဟုတ်ဘူးလို့ အင်တာမီလန်အသင်း ဒုတိယဥက္ကဋ္ဌ ဇနက်တီက ပြောကြားလိုက်ပါတယ်။ အာဂျင်တီးနားတိုက်စစ်မှူး အီကာဒီဟာ ရီးရဲလ်အသင်းနဲ့ အမြဲတမ်းလိုလို အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်လေ့ရှိသူပါ။ အီကာဒီဟာ အင်တာမှာ အသင်းခေါင်းဆောင်ဖြစ်သလို အသင်းမှာလည်း ပျော်ရွှင်နေပြီး ရောင်းချဖို့လည်း မရှိဘူးလို့ အသင်းဒုတိယဥက္ကဋ္ဌ ဇနက်တီက ပြောကြားခဲ့ပါတယ်။ ဘဏ္ဍာရေးအခြေအနေအရ ရောင်းချဖို့ရှိတယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီးလည်း  အင်တာမီလန်အသင်းဟာ ဘဏ္ဍာရေးတောင့်တင်းတဲ့ အသင်းဖြစ်ပြီး ရောင်းချစရာ မလိုဘူးလို့လည်း ဇနက်တီက ဖြေရှင်းခဲ့ပါတယ်။ အီကာဒီဟာ အခုနှစ်ရာသီမှာ အင်တာမီလန်အသင်းအတွက် ၁၁ ပွဲမှာ ၈ ဂိုးအထိသွင်းပြီး ခြေစွမ်းပြနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up