A d v e r t i s e m e n t With Us

ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် တာလီဘန်များ ပူးပေါင်းရန် နေတိုး တိုက်တွန်း

အာဖဂန်နိုင်ငံသားတွေကို သတ်ဖြတ်မှု ရပ်တန့်ဖို့နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို လာပူးပေါင်းဖို့ မြောက်အတ္တလန္တိတ်နိုင်ငံများအဖွဲ့ (နေတိုး) အတွင်းရေးမှူးချုပ် ယန်း စတော့တန်ဘာ့ဂ်က တာလီဘန်တွေကို နိုဝင်ဘာ ၆ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။ နေတိုးဟာ အာဖဂန်နစ္စတန်နိုင်ငံအတွင်း အဓိက စစ်ဆင်ရေးလုပ်ငန်းကို ၂၀၁၄ မှာ အဆုံးသတ်ခဲ့တာပါ။ အဲဒီနောက် အာဖဂန် လုံခြုံရေးတပ်တွေကို ထောက်ပံ့တာနဲ့ သင်တန်းပေးတာ အဓိက လုပ်ခဲ့ပါတယ်။ နေတိုး ဦးဆောင်တဲ့ Resolute Support စစ်သင်တန်းနဲ့ အကြံပေးလုပ်ငန်းမှာ နိုင်ငံပေါင်း ၃၉ နိုင်ငံက စစ်သည်အင်အား ၁ သောင်း ၆ ထောင်လောက် ပါဝင်ခဲ့ပါတယ်။ နေတိုးဟာ စစ်ဆင်ရေးလုပ်ငန်းအတွက် ဆက်ကတိတည်ခဲ့တယ်၊ အာဖဂန်ပြည်သူတွေနဲ့ အဖွဲ့ဝင်နိုင်ငံတွေရဲ့ လုံခြုံရေးအတွက် အာမခံတယ်လို့ စတော့တန်ဘာ့ဂ်က အာဖဂန်သမ္မတ အဲ့ရှ်ရဲ့ဖ်ဂါနီနဲ့ ပူးတွဲ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ တာလီဘန်တွေဟာ နိုင်ငံခြားတပ်တွေကို တိုက်ထုတ်ဖို့ အနောက်နိုင်ငံတွေက ကျောထောက်နောက်ခံ ပေးထားတဲ့ အစိုးရကို ဖယ်ရှားဖို့နဲ့ သူတို့လိုလားတဲ့ အစ္စလာမ္မစ် ဥပဒေကို ပြဋ္ဌာန်းဖို့ ဗျူဟာမြောက် ခရိုင်တွေကို တိုက်ခိုက်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up