A d v e r t i s e m e n t With Us

ပြင်သစ်တွင် အဆောက်အဦ ၂ ခု ပြိုကျ၊ အပျက်အစီးအောက်မှ အလောင်း ၄ လောင်းတွေ့

ဓာတ်ပုံ - AFP
ပြင်သစ်နိုင်ငံ မာဆေးလ်မြို့မှာ နိုဝင်ဘာ ၅ ရက်နေ့က ပြိုကျခဲ့တဲ့ အဆောက်အဦ ၂ ခုရဲ့ အပျက်အစီးတွေအောက်က အလောင်း ၄ လောင်းကို တွေ့ရတယ်လို့ ဒေသခံ မီးသတ်ဌာနက နိုဝင်ဘာ ၆ ရက်မှာ ပြောပါတယ်။ အပျက်အစီးတွေအောက်မှာ တခြားလူတွေ မြုပ်နေနိုင်တဲ့အတွက် ဆက်ရှာနေဆဲဖြစ်ပြီး လူ ၈ ယောက်လောက် မြုပ်နေနိုင်တယ်လို့ မာဆေးလ် ပြည်သူ့ရှေ့နေ ဇက်ဗြဲ တာရာဘူက နိုဝင်ဘာ ၆ ရက် မနက်အစောပိုင်းက ပြောပါတယ်။ အဆောက်အဦ ပြိုကျရတဲ့ အကြောင်းရင်းကို ရှာဖွေနေဆဲဖြစ်ကြောင်း အာဏာပိုင်တွေက ပြောပြီး ဒေသခံတွေကတော့ အဆောက်အဦဟာ အိုမင်းယိုယွင်းလို့ ပြိုကျတာ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up