ကရင်ပြည်နယ်နေ့ အထိမ်းအမှတ် သစ်သီးဝလံပန်းမန်ပြိုင်ပွဲ ဆုရသီးနှံများ (ဓာတ်ပုံ)
DVB
·
November 7, 2018
ကရင်ပြည်နယ်၊ ဘားအံမြို့မှာ ကျင်းပနေတဲ့ ၆၃ နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ်ပွဲမှာ ဟင်းသီးဟင်းရွက် သစ်သီးဝလံနဲ့ ပန်းမန် ပြပွဲပြိုင်ပွဲကိုလည်း ထည့်သွင်းကျင်းပ နေပြီး မြို့နယ်အသီးသီးက တောင်သူ ၃၄၀ ကျော် ဝင်ရောက် ယှဉ်ပြိုင်ပါတယ်။
ဒီပြိုင်ပွဲမှာ အုပ်စုအလိုက် ဟင်းသီးဟင်းရွက်(အသီးစား)၊ ဟင်းသီးဟင်းရွက်(ဥစား)၊ သစ်သီး၊ ပန်းမန် လေးမျိုးခွဲခြားကာ ဆုပေါင်း ၁၃၁ ဆု ပေးအပ်ခဲ့ပြီး တန်ဖိုး ကျပ်သိန်း ၃,၅၇၅,၀၀၀ ချီးမြှင့်မယ်လို့ ပြည်နယ် စိုက်ပျိုးရေး ဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ -ကရင်ပြည်နယ် စိုက်ပျိုးရေးဌာန