Home
မြန်မာသတင်း
နိုင်ငံတော်အစိုးရ ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပ၊ ကျပ်သိန်း ၈၅၀ ကျော်ဖိုးလှူဒါန်း (ဓာတ်ပုံ)
DVB
·
November 7, 2018
နိုင်ငံတော်အစိုးရရဲ့ ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော် သာသနာ့မဟာဗိမာန်တော်မှာ မနေ့က ကျင်းပခဲ့ပြီး လှူဖွယ်ပစ္စည်းတွေနဲ့ န၀ကမ္မအလှူငွေကျပ် စုစုပေါင်း ကျပ် ၈၅,၃၃၉,၉၅၀ လှူဒါန်းခဲ့တယ်လို့ အစိုးရက သတင်းထုတ်ပြန်ပါတယ်။ ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို သမ္မတ ဦးဝင်းမြင့်၊  နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအ၀င် နိုင်ငံတော်အကြီးအကဲတွေတက်ရောက်ပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ကြီး ဘဒ္ဒန္တကုမာရာဘိဝံသ အမှူးပြုတဲ့ သံဃာတော်တွေကို ကထိန်သင်္ကန်းနဲ့  လှူဖွယ်ဝတ္ထုပစ္စည်းတွေ ဆက်ကပ် လှူဒါန်းခဲ့ကြပါတယ်။ ဓာတ်ပုံ- သမ္မတရုံး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024