Sunday, May 28, 2023
HomeLead Storyပျက်ကျခဲ့သည့် အင်ဒိုနီးရှားလေယာဉ်၏ မြန်နှုန်းပြဒိုင်ခွက် ပျက်စီးနေ

ပျက်ကျခဲ့သည့် အင်ဒိုနီးရှားလေယာဉ်၏ မြန်နှုန်းပြဒိုင်ခွက် ပျက်စီးနေ

အင်ဒိုနီးရှားနိုင်ငံမှာ ပြီးခဲ့တဲ့သီတင်းပတ်က ပျက်ကျခဲ့တဲ့ ဘိုးရင်း 737 လေယာဉ်မှာ လေထဲပျံသန်းတဲ့ မြန်နှုန်းပြဒိုင်ခွက်ဟာ ပျက်မကျခင် လေကြောင်းခရီးစဉ် ၄ ခုကို ပျံနေချိန်တည်းက ပျက်စီးနေတာလို့ အင်ဒိုနီးရှား အမျိုးသားသယ်ယူပို့ဆောင်မှု ဘေးကင်းရေးကော်မတီ KNKT က နိုဝင်ဘာ ၅ ရက်မှာ ပြောပါတယ်။

လေယာဉ်ပျက်ကျလို့ လေယာဉ်ပေါ်ပါသူ ၁၈၉ ယောက်စလုံး သေဆုံးခဲ့တာပါ။

လေယာဉ်ရဲ့ ခရီးစဉ်အချက်အလက် မှတ်တမ်းကနေ ဒေါင်းလုပ်ရယူထားတဲ့ သတင်းအချက်အလက်တွေက အပျက်အစီးအကြောင်း ဖော်ထုတ်နိုင်ခဲ့တာလို့ KNKT ရဲ့ အကြီးအကဲ စိုအာဂျန်တို ဂျာဟိုနိုက သတင်းထောက်တွေကို ပြောပါတယ်။

ကမ္ဘာတလွှားက ဒီလို လေယာဉ်ပျံ အမျိုးအစားတွေမှာ အလားတူပြဿနာ ဖြစ်တာကို ဟန့်တားနိုင်ဖို့ ဘယ်လိုအရေးယူ ဆောင်ရွက်မလဲဆိုတာ KNKT က ဘိုးရင်းနဲ့ အမေရိကန် အာဏာပိုင်တွေကို မေးနေတယ်လို့လည်း သူက ပြောပါတယ်။

အင်ဒိုနီးရှား အာဏာပိုင်တွေဟာ လေယာဉ်မောင်းခန်းထဲက အသံဖမ်းစက်ကို ပင်လယ်ကြမ်းပြင်ကနေ ပြန်မရသေးပါဘူး။

လေယာဉ်ဟာ ပျံတက်အပြီး ၁၃ မိနစ်အကြာမှာ ဂျကာတာမြို့တော် အရှေ့မြောက်ပိုင်း ပင်လယ်ထဲကို ပျက်ကျခဲ့တာပါ။

လေယာဉ်ပျက်ကျရတဲ့ အကြောင်းရင်းကို ဆုံးဖြတ်ဖို့ သိပ်စောလွန်းသေးတယ်၊ အချက်အလက် မပြည့်စုံသေးဘူးလို့ ဘေးကင်းရေး ပညာရှင်တွေက ပြောထားပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular