A d v e r t i s e m e n t With Us

လီဗာပူးကွင်းလယ်လူ ရှာကွီရီ ရက်ဒ်စတားဘဲဂရိတ်နှင့် ချန်ပီယံလိဂ်ပွဲစဉ် လိုက်ပါနိုင်ခြင်းမရှိ

ဓာတ်ပုံ - EPA
လီဗာပူးကွင်းလယ်ကစားသမား ရှာကွီရီဟာ ဆားဘီးယားကလပ် ရက်ဒ်စတားဘဲဂရိတ် (FK Crvena Zvezda) နဲ့ ကစားမယ့် ချန်ပီယံလိဂ်ပွဲစဉ်ကို လိုက်ပါနိုင်ခြင်း မရှိခဲ့ပါဘူး။ ဆွစ်ဇာလန်ကစားသမား ရှာကွီရီဟာ ကမ္ဘာ့ဖလားမှာတုန်းက ဂိုးသွင်းအပြီး သိမ်းငှက်ပုံစံနဲ့ အောင်ပွဲခံခဲ့ပါတယ်။ သိမ်းငှက်ဟာ အယ်လ်ဘေးနီးယားလူမျိုးတွေရဲ့ အမှတ်တံဆိပ်ဖြစ်ပြီး ဆားဘီးယားနဲ့ နိုင်ငံရေးအရ အဆင်မပြေတာကြောင့် လိုက်ပါသွားခြင်း မရှိတာလို့ သိရပါတယ်။ ရှာကွီရီဟာ ဆွစ်ဇာလန်အသင်းမှာ ကစားနေပေမယ့် အယ်လ်ဘေးနီးယားလူမျိုးတဦး ဖြစ်တာကြောင့် အယ်လ်ဘေးနီးယားရဲ့ အလံတံဆိပ်ဖြစ်တဲ့ သိမ်းငှက်ပုံစံ အောင်ပွဲခံခဲ့တာပါ။ ဥရောပ ဘောလုံးကလပ်ပြိုင်ပွဲတွေမှာ အခုလို လူမျိုးရေးနဲ့ နိုင်ငံရေးအရ ကစားသမားတချို့ဟာ တခြားနိုင်ငံကို သွားကစားခွင့် ပိတ်ပင်ခံရတာမျိုးတွေ ရှိဖူးပါတယ်။ အာဆင်နယ်က အာမေးနီးယား ကစားသမား မစ်ခီတာယန်းဟာလည်း ယူရိုပါလိဂ်ပွဲစဉ် ကွာရာဘက်နဲ့ ယှဉ်ပြိုင်ရမယ့်ပွဲမှာ အဇာဘိုင်ဂျန်ကို လိုက်ပါခွင့် မရခဲ့ပါဘူး။

A d v e r t i s e m e n t With Us

More News
Up