ဂျပန်ကစ်ဘောက်ဆင် ကစားသမားနှင့် ထိုးသတ်မည့် မေဝဲသာကို မက်ဂရီဂေါ လှောင်ပြောင်

မေဝဲသာဟာ လက်ဝှေ့လောကကို တကျော့ပြန် ဝင်ရောက်လာပြီးနောက် ဂျပန် ကစ်ဘောက်ဆင်ကစားသမား တန်ရှင် နာဆူကာဝါနဲ့ ထိုးသတ်တော့မယ့် သတင်းကို ကြေညာအပြီး ယူအက်ဖ်စီ နာမည်ကြီး မက်ဂရီဂေါက အင်စတာဂရမ်စာမျက်နှာမှာ လှောင်ပြောင်လိုက်ပါတယ်။ မက်ဂရီဂေါဟာ သူ့ရဲ့အကောင့်ကနေ ဘာတွေဖြစ်ကုန်ပြီလဲ....။ မိုက်မဲတဲ့ မေဝဲသာလေးကတော့ ဂျပန်ကစ်ဘောက်ဆင်သမားနဲ့ ထိုးဖို့ ပြန်လာပါပြီလို့ ရေးသားခဲ့တာ ဖြစ်ပါတယ်။ မေဝဲသာရဲ့ လက်ဝှေ့ထိုးတဲ့ သက်တမ်းတလျှောက် ပထမဆုံး ပြည်ပမှာ သွားရောက်ထိုးသတ်မယ့်ပွဲ ဖြစ်သလို သူ့အနေနဲ့ ပြည်ပမှာထိုးသတ်လည်း အနိုင်ရရှိနိုင်တယ် ဆိုတာကို ပြသလိုနေတာ ဖြစ်ပါတယ်။ မေဝဲသာဟာ လက်ရှိအချိန်ထိ ပွဲ ၅၀ ဆက်တိုက် ရှုံးပွဲမရှိသေးတဲ့ လက်ဝှေ့သမား ဖြစ်ပြီး နာဆူကာဝါနဲ့ ထိုးသတ်ပြီးတဲ့ နောက်မှာတော့ နောက်ထပ်ပွဲစဉ်တွေ ထိုးသတ်ဖို့ ရှိနေသေးတယ်လို့ သိရပါတယ်။ အသက် ၄၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မေဝဲသာဟာ ယူအက်ဖ်စီရဲ့ ချန်ပီယံတဦးဖြစ်တဲ့ ခါဘစ်နဲ့ ထိုးသတ်ဖို့ မကြာသေးခင်က ညှိနှိုင်းခဲ့ပေမယ့် အခုလက်ရှိအချိန်ထိ သဘောတူညီချက် အတည်တကျ ထွက်ပေါ်လာခြင်းတော့ မရှိသေးပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up