Home
မြန်မာသတင်း
တောင်ကြီး မီးပုံးပျံပြိုင်​ပွဲ မကျင်းပမီ မီးဘေးအန္တရာယ်ကင်းရှင်းရေး တာဝန်ရှိသူများ စစ်ဆေး
DVB
·
November 5, 2018
တောင်​ကြီးတန်​​ဆောင်​တိုင်​ မီးပုံးပျံပြိုင်​ပွဲ ကျင်းပဖို့ ရက်​ပိုင်းသာလို​တော့တဲ့အတွက်​ မီး​ဘေးအန္တရယ်​ကင်းရှင်းဖို့ တာဝန်​ရှိသူ​တွေက​ ရပ်​ကွက်​တွင်း မီးပုံးပျံလုပ်​တဲ့​နေရာမှာ ဒီ​နေ့စတင်​ ကွင်းဆင်းစစ်​​ဆေး​နေပါတယ်။ တန်​ဖိုးသိန်း ၅ဝ ကုန်​ကျတဲ့ မီးပုံးပျံကို ခဏအတွင်း မီး​လောင်​ပျက်​စီးမသွား​အောင်​ သတိထားသင့်တဲ့အရာ​တွေ ပြင်​ဆင်​ရမယ့် ​အရာ​တွေကို မီးပုံးပျံပညာရှင်​အသင်း ဥက္ကဋ္ဌ၊ မီးသတ်​တပ်​ဖွဲ့ နဲ့ ရဲတပ်​ဖွဲ့​တွေက ကွင်းဆင်းစစ်​​ဆေး​နေတာပါ။ မီးပုံးပျံ ပြုလုပ်​​နေစဉ်​ နှစ်​စဉ်​မီး​လောင်​မှုဖြစ်​ပွားပြီး များစွာဆုံးရှုံးခဲ့​တာတွေရှိပေမယ့်​ ဒီနှစ်​မှာတော့ သတိဝိရိယနဲ့ စည်းကမ်း ပိုမိုထားတဲ့အတွက်​ မီး​လောင်​မှု ဖြစ်​ပွားတာ မရှိ​သေးပါဘူး ဒါ့အပြင်​ ​တောင်​ကြီး တန်​​ဆောင်​တိုင် ​မီးပုံးပျံပြိုင်​ပွဲကို ရိုးရာမီးပုံးပျံပြိုင်​ပွဲအဖြစ်​ ယူနက်​စကိုက သတ်​မှတ်​​ပေးနိုင်​ဖို့ ပြိုင်​ပွဲဝင် ​မီးပုံးပျံ​တွေကို ရိုးရာသုံးပစ္စည်းနဲ့သာ ယှဉ်​ပြိုင်​ခွင့်ပြုထားတယ်​လို့ သိရပါတယ်​။ ဒီနှစ်​​တောင်​ကြီး တန်​​ဆောင်​တိုင်​ မီးပုံးပျံပြိုင်​ပွဲမှာ ညမီးကြီး မီးပုံးပျံ အမျိုးအစား ၈၁ လုံး၊ စိန်​နားပန်​ ၄၂ လုံး၊ ​နေ့လွတ်​အရုပ်​ အုပ်​စု ၄၂လုံး၊ ​ခြေ၂ ​ချောင်းအရုပ်​ ၁၅၆ လုံး၊ ​ခြေ ၄ ​ချောင်း ၈၉ စုစု​ပေါင်း ၄၁ဝ လုံး ဝင်​​ရောက်​ယှဉ်​ပြိုင်​သွားမှာဖြစ်​ပါတယ်​။ ​    ​တောင်​ကြီး တန်​​ဆောင်​တိုင်​ ပွဲ​တော်​ကို ​နိုဝင်​ဘာ ၁၄ ရက်​မှစတင်​ပြီး နိုဝင်​ဘာ ၂၃ ရက်​​နေ့အထိ ၁ဝ ရက်​တိတိ ကျင်းပသွားမှာဖြစ်​ပါတယ်​။ ခွန်​ရာဇာ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024