ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ

မတ်ပဲ ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင် မှာ မတ်ပဲ(FAQ/RC)2018 က ပိဿာ ၆ဝ ဝင် တအိတ်ကို ၉၂၈ဝဝ ကျပ်    ပေါက် ဈေးရှိပြီး တအိတ်ကို ၁ဝ၅ဝဝ ကျပ်ဈေးတက်လာပါတယ်။ မန္တလေးပွဲစား ကုန်သည်စက်ပိုင် အသင်းမှာ တော့ တအိတ်ကို ၉ဝဝဝဝ ကနေ ၉၅ဝဝဝ ပေါက်ဈေးရှိပြီး တအိတ်ကို ၁ဝဝဝဝ  ကျပ်ဈေးတက်လာပါတယ်။ ရန်ကုန် နဲ့မန္တလေး ကုန်စည် ဒိုင် တအိတ်ကို ၂၂ဝဝ ကျပ်ဈေးကွာခြားမှုရှိပါတယ်။ ပဲစင်းငုံနီ ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီက အဟောင်း က တအိတ်ကို ၇၉၂ဝဝ ပေါက်ဈေးရှိပြီး တအိတ် ကို ၁ဝ၇ဝဝ ကျပ်ဈေးတက်လာပါတယ်။ မန္တလေးပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ တအိတ်ကို ၇၅ဝဝဝ ကနေ ၇၈ဝဝဝ ပေါက်ဈေးရှိပြီး တအိတ်ကို ၁ဝဝဝဝ ကျပ်ဈေးတက်လာပါတယ်။ ရန်ကုန် နဲ့မန္တလေးကုန်စည် ဒိုင် တအိတ်ကို ၁၂ဝဝ ကျပ်ဈေးကွာခြားမှုရှိပါတယ်။ ကုလားပဲ v2 မန္တလေးပွဲစားကုန်သည်စက်ပိုင်အသင်းမှာ ကုလားပဲ v2 က ၅၇.၂၅ ပိဿာဝင်  တအိတ်ကို ၇၅ဝဝဝ ကနေ ၇၆ဝဝဝ ပေါက်ဈေးရှိ ပြီး တအိတ်ကို ၁ဝဝဝ ကျပ်ဈေးတက်လာပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၇၅၆ဝဝ ပေါက် ဈေးရှိပြီး တအိတ်ကို ၂၁ဝဝ ကျပ်ဈေးတက်လာပါတယ်။ မန္တလေး နဲ့ပခုက္ကူကုန်စည်ဒိုင် တအိတ်ကို ၄ဝဝ ကျပ်ဈေးကွာခြားမှုရှိပါတယ်။ နှမ်းဖြူ မန္တလေးပွဲစားကုန်သည်စက်ပိုင်အသင်းမှာ နှမ်းဖြူက ၄၅ ပိဿာဝင် တအိတ်ကို ၁၇၅ဝဝဝ ကနေ ၁၈၆ဝဝဝ ပေါက်ဈေးရှိပြီး တအိတ်ကို ၃ဝဝဝ ကျပ်ဈေးတက်လာပါတယ်။ မကွေးကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၁၆၂ဝဝဝ ကနေ ၁၇၅ဝဝဝ ပေါက်ဈေးရှိပြီး ဈေးအပြောင်းအလဲ မရှိပါဘူး။ မန္တလေးနဲ့မကွေးကုန်စည်ဒိုင် တအိတ်ကို ၁၁ဝဝဝ ဈေးကွာခြားမှုရှိပါတယ်။ နှမ်းနက်(စမုံ) မန္တလေးကုန်စည်ဒိုင်မှာ တော့ နှမ်းနက်(စမုံ)က တအိတ်ကို ၂၂ဝဝဝဝ ကနေ ၂၆ဝဝဝဝ ပေါက်ဈေးရှိပြီး တအိတ်ကို ၅ဝဝဝ ကျပ်ဈေးတက်လာပါတယ်။ မကွေးကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၂၅ဝဝဝဝ ကနေ ၂၅၅ဝဝဝ ပေါက်ဈေးရှိပြီး တအိတ်ကို ၂ဝဝဝဝ ကျပ်ဈေးတက်လာပါတယ်။ မန္တလေးနဲ့ မကွေးကုန်စည်ဒိုင် တအိတ်ကို ၅ဝဝဝ ကျပ်ဈေးကွာခြားမှုရှိပါတယ်။ ကြက်သွန်နီ ပခုက္ကူကုန်စည်ဒိုင်မှာ ကြက်သွန်နီက တပိဿာကို ၁ဝဝ ကျပ်ဈေးကျဆင်းသွားပြီး ဒီနေ့ပေါက်ဈေးက တပိဿာကို ၇၂၅ ကျပ်ကနေ ၈၅ဝ ကျပ်ရှိပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ တပိဿာကို ၇ဝဝ ကနေ ၉၅ဝ ကျပ်ရှိပြီး တပိဿာကို ၅ဝ ကျပ်ဈေးကျဆင်းသွားပါတယ်။ ပခုက္ကူ နဲ့မြင်းခြံကုန်စည်ဒိုင် တပိဿာကို ၁ဝဝ ကျပ်ဈေးကွာခြားမှုရှိပါတယ်။ ဖော်ပြထားတဲ့  သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။ သတင်း – AMIA

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up