WordPress database error: [Incorrect key file for table './burmese_dvb_no/dvp_options.MYI'; try to repair it]
INSERT INTO `dvp_options` (`option_name`, `option_value`, `autoload`) VALUES ('_transient_doing_cron', '1660458468.9497950077056884765625', 'yes') ON DUPLICATE KEY UPDATE `option_name` = VALUES(`option_name`), `option_value` = VALUES(`option_value`), `autoload` = VALUES(`autoload`)

ရေခဲဝင်ရိုးစွန်းပေါ်မှ ၀က်ဝံသားအမိရဲ့ အခက်အခဲကြားမှ ချစ်ခြင်းမေတ္တာ (ရုပ်သံ) – DVB

ရေခဲဝင်ရိုးစွန်းပေါ်မှ ၀က်ဝံသားအမိရဲ့ အခက်အခဲကြားမှ ချစ်ခြင်းမေတ္တာ (ရုပ်သံ)

လူသားတွေနဲ့မခြား တိရစ္ဆာန်တွေရဲ့ ကမ္ဘာမှာလည်း မိခင်နဲ့ သားသမီးတွေကြားက ချစ်ခြင်းမေတ္တာဟာ စံပြုထိုက်တဲ့ အမှတ်အသားတခုပါပဲ။ ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ မြင့်မတ်လှတဲ့ ရေခဲဝင်ရိုးစွန်းကို ၀က်ဝံသားအမိ ၂ ကောင်တက်ခဲ့ချိန်မှာ ကြုံတွေ့ရတဲ့ အခက်အခဲနဲ့ ချစ်ခြင်းမေတ္တာတရားကို တွေ့မြင်ကြရမှာပါ။ ၀က်ဝံတွေဟာ နို့တိုက်သတ္တ၀ါမျိုးစိတ်ဝင် သတ္တ၀ါတွေထဲမှာ ပါဝင်ပြီး ရေခဲလောက်အောင် အေးလွန်းတဲ့ ကမ္ဘာ့မြောက်နဲ့ တောင်ဝင်ရိုးစွန်းဒေသတွေမှာ ကျင်လည်ကျက်စားလေ့ရှိကြပါတယ်။ သူတို့ရဲ့ သဘာဝအရ ဖခင်ဖြစ်သူက ကလေးငယ်တွေကို ဂရုစိုက်လေ့မရှိပဲ မိခင်ကသာ ပြုစု ကြရတာ ဖြစ်ပါတယ်။ ၀က်ဝံတွေကို တရားမ၀င် အမဲလိုက်သတ်ဖြတ်မှုတွေ ပြုလုပ်ခဲ့တာကြောင့် လက်ရှိမှာတော့ တားမြစ်ထားတဲ့ ရှားပါးမျိုးစိတ်ဝင် သတ္တ၀ါတွေ ဖြစ်နေခဲ့တာပါ။ ဒီရုပ်သံဗွီဒီယိုဖိုင်ရဲ့ အစပိုင်းမှာတော့ ၀က်ဝံသားအမိဟာ မြင့်မတ်လှတဲ့ ရေခဲဝင်ရိုးစွန်းကို အတူတူ တက်နေခဲ့ကြတာ တွေ့ရပါတယ်။ သိပ်မကြာခင်မှာတော့ မိခင်ဝက်ဝံမကြီးဟာ အပေါ်ကို ရောက်သွားခဲ့ပြီး ၀က်ဝံ ပေါက်ကလေးကတော့ ခြေကုတ်မမြဲဘဲ အောက်ကို လျှောဆင်းသွားခဲ့တာကို တွေ့ရပါတယ်။ အဲဒီနောက်မှာတော့ သူဟာ တဆင့်ချင်း ကြိုးစားခဲ့ပြီး ရေခဲစွန်းတောင်ထိပ်အပေါ်ကို ရောက်ကာနီးမှာ ပြန်လျှောဆင်းသွားခဲ့ပြန်ပါတယ်။ မိခင်ဖြစ်တဲ့ ၀က်ဝံမကြီးဟာ အပေါ်စီးကနေ ရင်သွေးဖြစ်သူကို စောင့်ကြည့်နေခဲ့ပြီး နောက်ဆုံးတကြိမ်မှာတော့ ၀က်ဝံကလေးဟာ အပေါ်ကို ရောက်သွားခဲ့ပြီး ရေခဲပြင်ပေါ်ဖြတ်ကာ သားအမိ ၂ ကောင် ဖြတ်ပြေးသွားခဲ့ကြတာကို တွေ့ရပါတယ်။ ဒီရုပ်သံဗွီဒီယိုဖိုင်ကို ViralHog အမည်နဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်စာ မျက်နှာပေါ်မှာ ၀င်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၂ သိန်း ၃ သောင်းကျော်ရှိနေခဲ့တာ ဖြစ်ပါတယ်။

//
More News
Up