Home
မြန်မာသတင်း
သရပါဟိုတယ်က အလုပ်ဖြုတ်​ခံရသည့် အလုပ်​သမားများ ပြန်​​ခန့်​ထားပေးရန်​ ဆန္ဒပြ
DVB
·
November 4, 2018
ပုဂံ သရပါဟိုတယ်က အလုပ်ဖြုတ်​ခံရတဲ့ အလုပ်​သမားတွေကို အမြန်​ဆုံး ပြန်​လည်​ခန့်​ထားပေးဖို့​ ​မန္တလေးမြို့ မနော်ရမ္မံဟစ်တိုင်ကွင်းမှာ ဒီနေ့ညနေက ဆန္ဒပြ​တောင်းဆိုခဲ့ကြပါတယ်။ မန္တလေးတိုင်းဒေသကြီး၊ ပုဂံမြို့ဟောင်း သရပါဟိုတယ်က သြဂုတ်​လ ၂၄ ရက်​​နေ့က အလုပ်​သမား ၁၂ ဦးကို အလုပ်ထုတ်ခံခဲ့ရတဲ့အတွက်​ အလုပ်သမား သမဂ္ဂခေါင်းဆောင်တွေ အလုပ်ပြန်လည်ခန့်​ထား​ပေးဖို့ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်​။ အလုပ်​ရှင်​အ​နေနဲ့ အလုပ်​သမားသမဂ္ဂဥက္ကဋ္ဌ အပါအဝင် ​အလုပ်​သမားတွေကို အမြန်​ဆုံး ပြန်​လည်​အလုပ်​ခန့်​ထား​ပေးဖို့​ တောင်းဆိုခဲ့ပြီး သက်​ဆိုင်​ရာ အလုပ်​သမားဝန်​ကြီးတွေအ​နေနဲ့​ ဖြေရှင်းမ​ပေးပါက တနွေ​နေ့တိုင်း ဆန္ဒထုတ်​​ဖော်​ တောင်းဆိုသွားမယ်လို့  မြန်​မာနိုင်​ငံ စက်​မူလက်​မုနဲ့ဝန်​​ဆောင်​မူလုပ်​ငန်းပေါင်းစုံ အလုပ်​သမားသမဂ္ဂများအဖွဲ့ချုပ်​က ဦး​ဆောင်​သူ ကိုမင်းသက်​​ထွေးက ​ပြောပါတယ်​။ ဆန္ဒထုတ်ဖော်ပွဲမှာ သရပါဟိုတယ်က အလုပ်ရှင်နဲ့ မန်နေဂျာတွေကို မတရားအလုပ်ထုတ်မှု ရပ်တန့်ပေး​ရေး၊ သရပါဟိုတယ်က အလုပ်သမားသမဂ္ဂ ဖြိုခွဲမှု ရပ်​တန့်​​ပေး​ရေး၊ သရပါဟိုတယ်က မတရားအလုပ်ထုတ်ခံထားရတဲ့ အလုပ်​သမား ခေါင်းဆောင်အားလုံး အလုပ်ပြန်လည် ခန့်ထားပေးရေး စတဲ့အချက်တွေကို တောင်းဆိုခဲ့ကြပါတယ်​။ သြဂုတ် ၂၄ ရက်နေ့က သရပါဟိုတယ်က အလုပ်သမားသမဂ္ဂ ဥက္ကဋ္ဌနဲ့အတူ ခေါင်းဆောင် ၁၂ ဦးကို အလုပ်ထုတ်ခဲ့တဲ့အတွက်​ သရပါဟိုတယ်ရှေ့မှာ သပိတ်စခန်း ဖွင့်လှစ်ထားပါတယ်။ ဒီနေ့ဆန္ဒပြပွဲကို မြန်​မာနိုင်​ငံ စက်​မှုလက်​မှုနဲ့ ဝန်​​ဆောင်​မှုလုပ်ငန်း​ပေါင်းစုံ အလုပ်​သမားသမဂ္ဂများအဖွဲ့ချုပ်​က ဦး​ဆောင်​က အလုပ်​သမား ၇၀ နီးပါး ဆန္ဒထုတ်​​ဖော်​​တောင်းဆိုခဲ့ကြပါတယ်​။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024