ဂျပန်အမျိုးသားတဦး ၂၄ နာရီအတွင်း ကြိမ်ရေ ၁ သိန်းခွဲကျော်ကြိုးခုန်၍ ကမ္ဘာ့စံချိန်သစ်တင်

၂၄ နာရီအတွင်း အကြိမ်ရေ ၁၅၁,၄၀၉ ရအောင် ကြိုးခုန်နိုင်ခဲ့တဲ့ ဂျပန်နိုင်ငံက အမျိုးသားတယောက်ဟာ တရက်အတွင်း အကြိမ်ရေ အများဆုံး ကြိုးခုန်နိုင်သူအဖြစ် ဂင်းနစ်မှတ်တမ်းဝင်ခဲ့တယ်လို့ UPI သတင်းမှာ ဖော်ပြပါတယ်။ စံချိန်ချိုးနိုင်ခဲ့သူက အသက် ၃၆ နှစ်အရွယ် ဟီဂျီကီ အီကူယာမာဆိုသူဖြစ်ပြီး သူဟာ ကြိုးခုန်ခြင်းနဲ့ ပတ်သတ်တဲ့ ကမ္ဘာ့စံချိန်များစွာကို ချိုးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ အီကူယာမာဟာ ၁ နာရီအတွင်း ကြိုးအကြီးနဲ့ ကြိုးအသေးကို တလှည့်စီခုန်ကာ ကမ္ဘာ့စံချိန်ဟောင်းဖြစ်တဲ့ အစ္စဘယ်ဘုရှ်ရဲ့ ကြိမ်ရေ ၁၅၁,၀၃၆ ကြိမ်စံချိန် ကိုချိုးခဲ့တာဖြစ်ပါတယ်။ အခုချိန်မှာလည်း သူဟာ သူ့ရဲ့စံချိန်ဟောင်းကို သူကိုယ်တိုင် ပြန်ရိုက်ချိုးခဲ့တာဖြစ်ပြီး “ဒါဟာအလွန်ကို ခက်ခဲတဲ့ ကြိုးစားမှု ဖြစ်ခဲ့ပါတယ်” လို့ သူကပြောပါတယ်။ ဂင်းနစ်အဖွဲ့က ကျနော့်ကို ကြိုးအကြီးတွေခုန်ရင် အဖွဲ့သားတွေအကူအညီယူဖို့ ခွင့်ပြုခဲ့တာကြောင့် ကျနော်ဟာ ကြိုးအကြီး၊ အသေး နှစ်မျိုးစလုံးကို တလှည့်စီခုန်နိုင်ခဲ့ပါတယ်” လို့လည်း သူကဆက်လက်ပြောကြားခဲ့ပါတယ်။ ဒါ့ကြောင့် သူဟာ ၂၄ နာရီအတွင်း အကြိမ်ရေ ၁၅၁,၄၀၉ ခုန်နိုင်ခဲ့တာဖြစ်ပြီး ဒါဟာ ကမ္ဘာ့စံချိန်သစ်လည်း ဖြစ်ပါတယ်။ ကမ္ဘာ့စံချိန်ရှင် အီကူယာမာက သူဟာ သူများတွေထက် ပိုမိုထူးခြားစွာနဲ့ပဲ ကြိုးခုန်ခြင်းအားကစားကို ငယ်စဉ်ဘဝထဲက စိတ်ဝင်စားခဲ့တာဖြစ်တယ်လို့လည်း ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up