ဆစ်ဒနီမြို့တွင် ဒေါ်လာ ၅ ဒသမ ၂ သန်းတန် မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

ဆစ်ဒနီမြို့ အနောက်တောင်ပိုင်းမှာ လုပ်ခဲ့တဲ့ ကြီးမားတဲ့ ရှာဖွေမှုတခုအတွင်း လျို့ဝှက်ဓာတ်ခွဲခန်းတခုမှာ ဖွက်ထားတဲ့ ဒေါ်လာ ၅ ဒသမ ၂ သန်းတန် တရားမဝင် မှုးယစ်ဆေးဝါးတွေ ရှာတွေ့ခဲ့ပြီးနောက် အမျိုးသားတယောက်ကို သြစတြေးလျရဲတပ်ဖွဲ့က ဖမ်းဆီးထားတယ်လို့ AP သတင်းမှာဖော်ပြပါတယ်။ ဖမ်းဆီးခံထားရသူဟာ မောင့်ထ်ဟန်တာမှာနေထိုင်တဲ့ အသက် ၃၉ နှစ်အရွယ် ဘားနက်ဂျိုတီဆိုသူဖြစ်ပြီး သူဟာ လက်ရှိအချိန်မှာ ကြီးလေးတဲ့ မူးယစ်ဆေးဝါးမှုတွေနဲ့ တရားဆွဲဆိုခံထားရပါတယ်။ ဂျိုတီဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၄ ရက်ဆစ်ဒနီမြို့ အနောက်တောင်ဘက် ၈၅ ကီလိုမီတာမှာရှိတဲ့ မောင့်တ်ဟန်တာအရပ်က နေအိမ်တစ်ခုမှာ ရှာဖွေစစ်ဆေးမှုတွေ လုပ်ခဲပြီးတဲ့နောက် အခုလို တရားစွဲဆိုခြင်းခံထားရတာပဲဖြစ်ပါတယ်။ သူ့ကို တရားရုံးက အာမခံပေးရန်ငြင်းဆန်ထားတဲ့အတွက် ဂျိုတီဟာ လာမယ့် ဒီဇင်ဘာ ၁၉ ရက်နေ့တရားခွင်အထိ ဖမ်းဆီးခံထားရဦးမှာလည်း ဖြစ်ပါတယ်။ ဂျိုတီဟာ တရားမဝင်မူးယစ်ဆေးဝါးတွေကို ပြုလုပ်နေသူဖြစ်ပြီး သူ့ကို ဖမ်းမိခဲ့တဲ့ ရှာဖွေမှုအတွင်းမှာ MDMA အမှုန့် ၂၁ ကီလိုဂရမ်၊ GHB ၂၁ လီတာနဲ့ ကိုကင်းလို့ယူဆရတဲ့ အရာများစွာအပြင် စိတ်ကြွဆေးတွေလည်း ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဒီခြံဝင်းကြီးထဲမှာ လက်နက်ခဲယမ်းတွေလည်း ရှာဖွေသိမ်းဆည်းရမိခဲ့တယ်လို့ ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up