အမေရိကန်-ဂျပန် ပူးပေါင်း၍ စစ်သည်အင်အား ၆ သောင်းခန့်ဖြင့် စစ်ရေးလေ့ကျင့်

အနောက် ပစိဖိတ်ဒေသအတွင်း ကျင်းပနေတဲ့ ဂျပန်ရဲ့အကြီးဆုံး ကာကွယ်ရေး စွမ်းရည်ပြပွဲမှာ အမေရိကန် လေယာဉ်တင်သင်္ဘောနဲ့ တိုက်လေယာဉ်တွေ ပါဝင် လေ့ကျင့်နေပါတယ်။ နျူကလီးယား စွမ်းအင်သုံး USS Ronald Reagan လေယာဉ်တင် သင်္ဘောဟာ ဂျပန် ဖျက်သင်္ဘောတွေ၊ ပြင်သစ်၊ ကနေဒါနဲ့ ဗြိတိန်တို့က စစ်သင်္ဘောတွေနဲ့အတူ ဂျပန်ကျွန်းစု ပတ်လည်မှာ စစ်ရေးအသင့်ဖြစ်မှု ပြပွဲအတွက် ပူးပေါင်းခဲ့ပါတယ်။ ၂ နှစ်တခါ လေ့ကျင့်တဲ့ Keen Sword ပူးတွဲ စစ်ရေးလေ့ကျင့်မှုမှာ အမေရိကန်နဲ့ ဂျပန် ကြည်း၊ ရေ၊ လေ စစ်သည် အင်အား ၅၇၀၀၀ ပါဝင်ခဲ့တာပါ။ လေကြောင်း တိုက်ခိုက်ရေး၊ ကုန်းရေ ၂ တန်သွား ယာဉ်တွေ ကမ်းတက်မှု၊ ပဲ့ထိန်းဒုံးကျည် ကာကွယ်ရေးစတဲ့ လေ့ကျင့်ခန်းတွေ ပါပါတယ်။ ဂျပန် စစ်တပ်ရဲ့ အင်အား ငါးပုံတပုံ ဖြစ်တဲ့ စစ်သည် ၄၇၀၀၀ ထိ ပါဝင် လေ့ကျင့်ခဲ့တာပါ။ ဒီလေ့ကျင့်မှုဟာ ဒေသတွင်း စွမ်းဆောင်နိုင်ရည်ကို ထိန်းသိမ်းဖို့နဲ့ တည်ငြိမ်ရေးအတွက် အရေးပါတယ်လို့ အမေရိကန် လေယာဉ်တင်သင်္ဘောရဲ့ စစ်ဦးစီးမှူး ရေတပ်ဗိုလ်ချုပ် ကားရ် သောမတ်စ်က ပြောပါတယ်။ တရုတ်အစိုးရဟာ တောင်တရုတ်ပင်လယ်အတွင်း တရုတ်စစ်တပ် တာဝန်ချမှု ပိုတိုးလာနေပြီး အင်ဒိုပစိဖိတ်ဒေသအတွင်း သြဇာလွှမ်းမိုးမှု တိုးလာနေသလို သူ့ရဲ့ အဓိက ကုန်သွယ်ရေး လမ်းကြောတွေကိုလဲ တိုးချဲ့နေပါတယ်။ နိုဝင်ဘာ ၅ ရက်ကစပြီး နိုဝင်ဘာ ၈ ရက်မှာ ပြီးဆုံးမယ့် Keen Sword စစ်တပ်စွမ်းရည်ပြပွဲကို ဗြိတိန်၊ ပြင်သစ်၊ သြစတြေးလျနဲ့ တောင်ကိုရီးယားက လေ့လာသူတွေလည်း လာရောက် စောင့်ကြည့်မှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up