A d v e r t i s e m e n t With Us

ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့သည့်သေနတ်သမား အမျိုးသမီးများကို နှောင့်ယှက်ခဲ့ဖူးဟုဆို

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် ယောဂလေ့ကျင့်ရုံတခုက ပစ်ခတ်မှုမှာ သေနတ်သမားသမားလို့ သံသယရှိသူဟာ အရင်က အမျိုးသမီးငယ်တွေကို နှောင့်ယှက်မှုနဲ့0 စွပ်စွဲခံရဖူးသူုဖစ်တယ်လို့ ရဲတွေက နိုဝင်ဘာ ၃ ရက်မှာ ပြောပါတယ်။ ပစ်ခတ်မှုကြောင့် အမျိုးသမီး ၂ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရခဲ့တာပါ။ အဲဒီနောက် သေနတ်သမားက သူ့ကိုယ်သူ သေနတ်နဲ့ သတ်သေခဲ့ပါတယ်။ အသက်လေးဆယ်အရွယ် စကော့တ် ဘိုင်ရယ်လ်ဟာ ယောဂသင်တန်း တက်မယ့်သူ အဖြစ် ဟန်ဆောင်ခဲ့ပြီး ဘာကြောင့် သေနတ်နဲ့ ပစ်ခတ်တယ်ဆိုတာ မသိသေးဘူးလို့ အာဏာပိုင်တွေက ပြောပါတယ်။ သူနဲ့ သေဆုံးသူတွေကြားက အဆက်အစပ်ကို စုံထောက်တွေက ရှာနေဆဲပါ။ ဒီဖြစ်ရပ်ကြောင့် ဖလော်ရီဒါပြည်နယ် အုပ်ချုပ်ရေးမှူး တာဝန်အတွက် ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းဟာ မဲဆွယ်ပွဲကို ယာယီရပ်ပြီး အခင်းဖြစ်ရာမြို့ဆီ ပြန်လာခဲ့ရပါတယ်။ ဒဏ်ရာရသူ အမျိုးသမီး ၂ ဦးကို ဆေးရုံတင်ထားရပြီး အခြေအနေ ကောင်းမွန်နေပြီး ၃ ယောက်ကတော့ ဆေးကုခံအပြီး ပြန်ဆင်းသွားပြီလို့ ရဲတွေက ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up