A d v e r t i s e m e n t With Us

နာမည်ကြီး အာဆင်နယ်နှင့် လီဗာပူး ၁ ဂိုးစီ သရေကျ (ရုပ်သံ)

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာပဲ နာမည်ကြီး ၂ သင်းဖြစ်တဲ့ အာဆင်နယ်နဲ့ လီဗာပူးတို့ ၁ ဂိုးစီ သရေကျသွားပါတယ်။ လီဗာပူးအတွက် ဦးဆောင်ဂိုးကို ၆၁ မိနစ်မှာ မေနာက သွင်းယူခဲ့တာဖြစ်ပြီး အာဆင်နယ်အသင်းအတွက် ချေပဂိုးကိုတော့  ပွဲချိန် ၈၃ မိနစ်မှာ လာကာဇက်က သွင်းယူခဲ့တာပါ။ ဒီပွဲမှာ အာဆင်နယ် ဘောလုံးပိုင်ဆိုင်မှု အသာစီးယူနိုင်ပေမယ့် ဂိုးပေါက် ထိုးဖောက်ကန်သွင်းမှာတော့ အပြန်အလှန် ၄ ကြိမ်စီ ရခဲ့ပါတယ်။ အာဆင်နယ် နောက်တန်းက လူကပ်စ် တိုရီရယ် ခြေစွမ်းပြနိုင်လို့ အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခံရပါတယ်။ လီဗာပူးအသင်းဟာ ဒီပွဲသရေကျလို့ ၁၁ ပွဲအထိ ရှုံးပွဲမရှိသေးတဲ့ စံချိန်ကို ဆက်ထိန်းနိုင်ခဲ့ပါတယ်။ အာဆင်နယ်ကတော့ လီဗာပူးနဲ့ နောက်ဆုံး တွေ့ဆုံတဲ့ ၇ ကြိမ်စလုံးမှာ အနိုင်ရသေးပါဘူး။ ဒီပွဲသရေကျလို့ လီဗာပူးက ၂၇ မှတ်နဲ့ အမှတ်ပေးဇယားကို ဆက်ဦးဆောင်နေပါတယ်။ အာဆင်နယ်ကတော့ ၂၃ မှတ်နဲ့ အဆင့် ၅ နေရာမှာ ရပ်တည်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up