A d v e r t i s e m e n t With Us

မြင်းခြံတွင် အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်း မဲအပြတ်အသတ်အနိုင်ရ

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ် ကြားဖြတ်ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီပါတီ ကိုယ်စားလှယ်လောင်းက ခိုင်လုံမဲ အပြတ်အသတ်နဲ့ အနိုင်ရသွားပါတယ်။ မန္တလေးတိုင်း မြင်းခြံမြို့နယ် လစ်လပ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကိုယ်စားလှယ်လောင်း ဦးစိန်မြင့်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီက ဒေါက်တာသန်းဝင်း၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ဦးဖြိုးဟန်၊ ပြည်သူ့ အလုပ်သမားပါတီက ဦးရဲကျော်အောင်တို့ ၀င်ပြိုင်ကြတာပါ။ ကော်မရှင်က ရေတွက်ပြီး ခိုင်လုံမဲ မဲရလဒ်တွေအရ အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်း ဦးစိန်မြင့်က ၇၈ ရာခိုင်နှုန်းကျော်၊ ကြံ့ခိုင်ရေးပါတီက ၁၆ ရာခိုင်နှုန်းကျော်၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ၄ ရာခိုင်နှုန်းနီးပါးနဲ့  ပြည်သူ့ အလုပ်သမားပါတီက ၁ ရာခိုင်နှုန်းကျော် ရရှိခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up