Live
Home
မြန်မာသတင်း
ရသေ့တောင်တွင် မဲပေးခွင့်ရှိသူဦးရေ၏ ထက်ဝက်ခန့် မဲပေးခဲ့
ဆုဆုသွယ်
·
November 3, 2018
ဒီနေ့ နေ့ခင်းလောက်အထိ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်မှာ မဲပေးခွင့်ရှိသူဦးရေရဲ့ ထက်ဝက်လောက် မဲပေးခဲ့ကြတယ်လို့ မြို့နယ်ရွေးကောက်ပွဲအရာရှိက ပြောပါတယ်။ ရသေ့တောင်မြို့နယ်က ပြည်နယ်မဲဆန္ဒနယ် အမှတ် ၂ အတွက် မဲပေးရမယ့်သူ ၅၂၀၀၀  ကျော်ရှိတာဖြစ်ပြီး လက်ရှိမှာတော့ မဲရုံတွေ ပိတ်သိမ်းလိုက်ပြီး မဲစတင်ရေတွက်နေပါတယ်။ “နေ့ခင်းလောက် အခြေအနေအထိပေါ့။ မဲရုံတွေက ရတဲ့စာရင်းအရ ၂ သောင်းခွဲ ပတ်ဝန်းကျင် လောက်ရှိပါတယ်။ ဒါကတော့ အပ်ဒိတ်တော့ မဟုတ်ပါဘူး။ ဒေသရဲ့ အခြေအနေအရ နိုင်ငံခြားကို ထွက်အလုပ်လုပ်တာ၊ တခြားနေရာတွေကို သွားအလုပ် လုပ်တာကြောင့် ရွာတရွာမှာ လူ ၅၀၀ လောက်ရှိတယ်ဆိုရင် လူ ၂၀၀ လောက်က အလုပ်လုပ်တဲ့ သူတွေ ဖြစ်နေလို့ကြောင့်လို့ ထင်ပါတယ်။” လူတွေကတော့ မဲစာရင်းထုတ်ပြန်တုန်းက လာရောက်ပြီး ပြင်ဆင်တာ၊ ဖြည့်စွက်တာတွေ၊ ပယ်ဖျက်တာတွေ ရှိတော့ မဲစာရင်းကို စိတ်ဝင်စားကြတယ်ဆိုတာ သိရပါတယ်။ တချို့နေရာတွေမှာ ဖုန်းလိုင်း အဆက်အသွယ်မကောင်းတာတွေရှိသလို မဲရုံမှူးတွေရဲ့ လုပ်ငန်းတာဝန်တွေလည်း ရှိနေလို့ သူတို့နဲ့ အဆက်အသွယ်ရမှပဲ မဲရလဒ်ကို သိရမယ်လို့လည်း သူက ပြောပါတယ်။ ရသေ့တောင်မြို့နယ်ထဲမှာ  မြို့ပေါ်ရပ်ကွက် ၂ ခုနဲ့ ကျေးရွာအုပ်စုပေါင်း ၄၆ ရွာရှိပြီး မဲရုံပေါင်း ၈၆ ရုံ ဖွင့်လှစ်ထားပါတယ်။ လစ်လပ်မဲဆန္ဒနယ်မှာ ရခိုင်ပါတီ ၂ ပါတီက ကိုယ်စားလှယ်လောင်း ၂ ဦး၊  အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ကိုယ်စားလှယ်လောင်း ၁ ဦးနဲ့ တသီးပုဂ္ဂလ  ၁ ဦး စုစုပေါင်း ကိုယ်စားလှယ်လောင်း ၄ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြတာ ဖြစ်ပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024