Home
မြန်မာသတင်း
အုတ်တွင်းမြို့နယ် တပ်တွင်းမဲရုံ ၅ ခုတွင် မဲပေးမှုပြီးစီးပြီဟု ကော်မရှင်ပြော
DVB
·
November 3, 2018
ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ် လစ်လပ်တိုင်းဒေသကြီး အမှတ် ၁ လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် ဒီနေ့ ကျင်းပနေတဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ တပ်တွင်း မဲရုံတွေအနက် ၅ ရုံ မဲပေးပြီးသွားပြီလို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ခွဲရုံးက ပြောပါတယ်။ အုတ်တွင်းမြို့နယ်မှာ ဆန္ဒမဲပေးမယ့် ပြည်သူ ၅၉၀၀၀ ကျော်ဟာ မဲရုံ ၇၂ ရုံမှာ မဲပေးရမှာဖြစ်ပါတယ်။ တပ်တွင်းမဲရုံ ၆ ရုံမှာတော့ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၁၅၀၀ ကျော်ရှိပါတယ်။ "တပ်တွင်း ၆ ရုံရှိတဲ့အထဲမှာ လက်ရှိ ၅ ရုံရှိပြီးသွားပြီ။ သူတို့က မြန်ရတဲ့အကြောင်းရင်းက မနက် မဲရုံဖွင့်တဲ့အချိန်မှာ တန်းစီပြီး မဲပေးတယ်။ ပြီးမှ သူတို့လုပ်စရာရှိတာကို ဆက်လုပ်တယ်၊ ဒါကြောင့်မြန်တာ။ အခြားမဲရုံတွေကလည်း ၁ နာရီတခါတော့ စာရင်းတွေတက်နေပါပြီ။ စားရင်း အတိအကျတော့ မသိရသေးပါဘူး" လို့ အုတ်တွင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်ဝင်းက ပြောပါတယ်။ အုတ်တွင်းမြို့နယ် တိုင်းဒေသကြီးအမှတ် ၁ လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် တသီးပုဂ္ဂလ တဦးနှင့် ပါတီ ၇ ခုမှ ကိုယ်စားလှယ်တွေ ဝင်ရောက်ယှဉ်ပြိုင်နေကြတာ ဖြစ်ပါတယ်။ သတင်း ကျော်အောင်(ကညွတ်ကွင်း)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024