Home
မြန်မာသတင်း
မင်းဘူး မဲရုံများတွင် နေ့လယ်ပိုင်းအထိ ၃၂ ရာခိုင်နှုန်းကျော် မဲပေးပြီးဖြစ်
DVB
·
November 3, 2018
မင်းဘူး (စကု) မြို့နယ် မဲရုံတွေမှာ ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲလာပေးသူ နေ့လယ်ပိုင်းအထိ ၃၂ ရာခိုင်နှုန်းကျော် ရှိပြီလို့ ခရိုင်​​ရွေး​ကောက်​ပွဲ​ကော်​မရှင်​ ဥက္ကဋ္ဌ ဦးမြင့်​​ကျော်​က​ပြောပါတယ်​။ "​လွတ်​လပ်​ပြီး တရားမျှတတဲ့ ​ရွေး​ကောက်​ပွဲဖြစ်​ဖို့အတွက်​ ပြည်​တွင်​ပြည်​ပ ​လေ့​လာ​စောင့်ကြည့်ရေးအဖွဲ့​တွေအပြင်​ မီဒီယာသမား​တွေကိုလည်း ​စောင့်ကြည့်ကြဖို့ ​ကော်​မရှင်​က ခွင့်ပြုထားပါတယ်​" လို့ ဒီဗွီဘီကို ​ပြောပါတယ်​။ မင်းဘူးမြို့ အမှတ်​ ၃ ရပ်​ကွက်​က မညိုညိုမြင့်က "မိမိတို့ ​ဒေသအကျိုးကို ​ဆောင်​ရွက်​မယ့် တိုင်း​ဒေသကြီး လွှတ်​​တော်​ကိုယ်​စားလှယ်​​နေရာကို ကိုယ်​တိုင်​ ​ရွေးချယ်​တင်​​မြှောက်​ခွင့်ရတဲ့အတွက်​ ​ကျေနပ်​မိပါတယ်​။ေ​ရွးချယ်​ခံရတဲ့ ကိုယ်​စားလှယ်​အ​နေနဲ့လည်း ပြည်​သူကို ကတိ​ပေးထားတဲ့ အတိုင်း ​ဒေသအတွက်​ လုပ်​​ဆောင်​​ပေးဖို့ ​မျှော်​လင့်​တယ်​" လို့ ဆိုပါတယ်​။ မင်းဘူး (စကု) မြို့နယ်​မှာ မဲ ရုံေ​ပေါင်း ၉၆ ရုံ၊ မဲ​ပေးပိုင်​ခွင့်ရှိတဲ့ မဲဆန္ဒရှင်​ ၆​သောင်း ရှစ်​​ထောင်​​ကျော်​ရှိပါတယ်။ မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ် အမှတ် ၂ တိုင်းဒေသကြီးလွှတ်တော်နေရာအတွက်  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ)၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသား ညီညွတ်​​သော ဒီမိုကရက်​တစ်​ပါတီနဲ့ တ​သီးပုဂ္ဂလ ကိုယ်​စားလှယ်​​လောင်း ၂ ဦး၊ စုစုပေါင်း ၅ ဦး ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ သတင်း-မင်းထီး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024