A d v e r t i s e m e n t With Us

ဆော်ဒီညီအစ်မနှစ်ဦး ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်းဖြစ်နိုင်ဟု စုံစမ်းရေးအကြီးအကဲပြော

နယူးယောက်မြို့ ဟက်ဆန်မြစ်ကမ်းဘေးမှာ တွေ့ရှိခဲ့တဲ့ ဆော်ဒီညီအစ်မ ရုပ်အလောင်းတွေနဲ့ ပတ်သက်ပြီး သူတို့နှစ်ဦးဟာ သေကြောင်း ကြံစည်ခဲ့ဖွယ်ရှိတယ်လို့ စုံစမ်းရေး အကြီးအကဲ ဒီမော့ရှေးက နိုဝင်ဘာ ၂ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။ ဒီမော့ရှေးက သူတို့နှစ်ဦးဟာ မြစ်ထဲကို အသက်ရှင်လျက်ဆင်းသွားခဲ့ပြီး ဆော်ဒီအာရေးဗျ ပြန်ရေးကိစ္စနဲ့ သေကြောင်းကြံခဲ့ဖွယ်ရှိတယ်လို့ ပြောပါတယ်။ အဆိုပါ ဆော်ဒီညီအစ်မနှစ်ဦးရဲ့ ရုပ်အလောင်းကို လမ်းသွားလမ်းလာတဦးက  မြစ်ကမ်းဘေးမှာ အောက်တိုဘာ ၂၄ ရက်နေ့က တွေ့ရှိခဲ့တာပါ။ တွေ့ရှိချိန် သူတို့နှစ်ဦးရဲ့ ခါးနဲ့ခြေတွေကို တိတ်နဲ့ချည်ထားတယ်လို့ သိရပါတယ်။ ညီအစ်မ နှစ်ဦးဟာ ဗာ၈ျီးနီးယားပြည်နယ်မှာ နေထိုင်ခဲ့ပြီး ပြီးခဲ့တဲ့ ၂၀၁၇ နိုဝင်ဘာ ၃၀ မှာ မိသားစုက သူတို့ကို နောက်ဆုံးမြင်တွေ့ခဲ့တယ်လို့ စုံစမ်းရေးအကြီးအကဲက ပြောပါတယ်။ အဲဒီနောက် သူတို့နှစ်ဦးဟာ အိမ်တွင်းအကြမ်းဖက်ခံရသူများဂေဟာမှာ သြဂုတ်လကုန်အထိ နေထိုင်ခဲ့ပြီးနောက် စက်တင်ဘာ ၁ ရက်နေ့မှာ နယူးယောက်မြို့ကို လာရောက်ခဲ့ပုံရတယ်လို့ ဒီမော့ရှေးကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up